မြန်မာ့နွေဦး

ကနီမှာ စစ်တပ်ရိက္ခာတင်ရေယာဉ် တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ခန့်သေဆုံးကာ လက်နက်ခဲယမ်း၊ ဒီဇယ်ပေပါ ၃,၀၀၀ ကျော်နဲ့ ရိက္ခာတွေ သိမ်းဆည်းရမိ

မဲခေါင် 10 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်ရိက္ခာတင် ရေယာဉ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၂၀ ဦးခန့်သေဆုံးကာ လက်နက်ခဲယမ်းတွေ၊ ဒီဇယ်နဲ့ စားနပ်ရိက္ခာတွေ သိမ်းဆည်းရမိတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်ရိက္ခာတင် ရေယာဉ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၂၀ ဦးခန့်သေဆုံးကာ လက်နက်ခဲယမ်းတွေ၊ ဒီဇယ်နဲ့ စားနပ်ရိက္ခာတွေ သိမ်းဆည်းရမိတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခန့်မှာ ကနီမြို့နယ် သပြေတောနဲ့ ရွှေအုန်းပင်ကြား ချင်းတွင်းမြစ် တနေရာမှာ သောင်တင်နေတဲ့ စစ်ကောင်စီ ထောက်ပို့ သင်္ဘောကို ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

“ သေဆုံးတဲ့ စကစတွေ တစ်ချို့ကို ရေထဲ မျှောပြီး တစ်ချို့ကို စက်လှေနဲ့ ပြန်သယ်သွားကြတယ်ဗျ” လို့ ကျောက်လုံးကြီး KLG တပ်မဟာ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီ ထောက်ပို့ သင်္ဘောပေါ်မှ ဒီဇယ်ဆီ ပေပါ ၃၀၀၀ ကျော်၊ ဆန်၊ ဆီ၊ ဆားနဲ့ လက်နက်ခဲယမ်း တွေကို ခရိုင်မှူးရဲ့ လမ်းညွှန်ချက်နဲ့ ခရိုင်းမှူးထံ အပ်နှံထားတယ်လို့ ကျောက်လုံးကြီး သူက ပြောပါတယ်။

စစ်ကောင်စီတပ် ရိက္ခာတင်ရေယာဉ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်ကတည်းက ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ကာ ရေယာဉ်ပေါ်မှ လက်နက်ခဲယမ်းတွေ၊ စက်သုံးဆီပေပါ တွေနဲ့ စားသုံးကုန် ပစ္စည်းတွေကို ၉ ရက်ကြာ သယ်ယူခဲ့ကြရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ သင်္ဘောပေါ်မှ ပစ္စည်းတွေ သယ်ယူနေရတာဖြစ်ပြီး ဒီနေ့မှ သယ်ယူလို့ ပြီးစီးတာကြောင့် သတင်းထုတ်ပြန်ရတာလို့လည်း သိရပါတယ်။

အဲဒီ ရေယာဉ်ဟာ အလျားပေ ၂၀၀ ခန့်၊ အနံ ပေ ၅၀ ခန့်ရှိတဲ့ ကုန်တင်ရေ‌ယာဉ်ဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်တိုက်ပွဲမှာ စစ်တပ်က အထိနာပြီးနောက် စွန့်ခွာ ထွက်ပြေးသွားလို့ သိမ်းဆည်းရမိခဲ့တာပါ။

ဒီရေယာဉ်ကို ကျောက်လုံးကြီး KLG PDF၊ နဂါးညီနောင်အဖွဲ့၊ Alpha အဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ ယင်းမာပင် PDA၊ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်အဖွဲ့၊ မြောက်ယမားအဖွဲ့၊ ခရိုင် တပ်ရင်း (၁)၊ ခရိုင်တပ်ရင်း (၂)နဲ့ ကနီ ယင်းမာပင် ဆားလင်းကြီး မဟာမိတ်ညီနောင်တွေ ပူးပေါင်း သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

MK-003

#MeKongNews

#ကနီ #KGLတပ်မဟာ #ရိက္ခာတင်ရေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက