မြန်မာ့နွေဦး

“ကင်(မ်)နဲ့ပြည်သူ အတူတူ” အစီအစဉ်က စကားဝိုင်းနဲ့ ဖျော်ဖြေပွဲ ပြုလုပ်မယ်

မဲခေါင် 4 Jan - 2023
စစ်ဘေးရှောင် ပြည်သူတွေကို ကူညီဖို့ လုပ်ဆောင်နေတဲ့ “ကင်(မ်)နဲ့ ပြည်သူ အတူတူ” အစီအစဉ်က နေပြီးတော့ ဒီနေ့ည မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ စကားဝိုင်း အစီအစဉ်နဲ့ ဖျော်ဖြေပွဲကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စကားဝိုင်း အစီအစဉ်မှာ ပါဝင် ဆွေးနွေးမယ့်သူတွေက ကိုထိန်လင်း (Kim Aris) ၊ ကိုပေါက် (ဒါရိုက်တာ) ၊ ဆရာမ နုယဉ် တို့ဖြစ်ပြီး မော်ဒရေတာ အဖြစ် ဘုန်းဆက်သွင်က ပြုလုပ် ပေးသွားမှာပါ။

ဖျော်ဖြေပွဲမှာတော့ အနုပညာရှင် ဒေးဗစ်လား၊ သရုပ်ဆောင် Russell တို့ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကင်(မ်)နဲ့ ပြည်သူ အတူတူ” ဆိုတဲ့ အစီအစဉ်က စစ်ဘေးရှောင် ပြည်သူများ ရင်ဆိုင်နေရတဲ့ အခြေခံ အကျဆုံး ပြဿနာများကို ကူညီနိုင်ဖို့ လက်မှတ်စုဆောင်း သူဌေးလောင်းဆိုတဲ့ လှုပ်ရှားမှုကို ကင်မ်နဲ့ အတူ လက်တွဲပြီး လုပ်ဆောင်နေတာပါ။

လက်မှတ်တွေ စုဆောင်းပြီး သူဌေးလောင်း ဖြစ်လာတဲ့အခါ တောင်ပေါ်၊ မြေပြန့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူပေါင်းများစွာရဲ့ လူနေမှု ဘဝတွေ တဆင့်မြင့်ဖို့ ကူညီပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဘယ်အထိ ကူညီပြီးသား ဖြစ်သွားမလဲ မေးရင် စစ်ဘေးရှောင် ပြည်သူတွေရဲ့ လက်ရှိ ပြဿနာများကို ဖြေရှင်း ကူညီနိုင်မဲ့ အခြေခံ စီးပွားရေးတွေ ပြန်လည်ပတ်နိုင်ဖို့၊ ရပ်တည်လာနိုင်ဖို့နဲ့ ရေရှည် အကျိုးဖြစ်ထွန်းလာတဲ့ အထိ ကူညီပေးနိုင်ပါလိမ့်မယ်

လို့ ကင်(မ်)နဲ့ ပြည်သူ အတူတူ အစီအစဉ်က အသိပေးထားပါတယ်။

လက်မှတ် စုဆောင်းဖို့အတွက် လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ ၂၀ နဲ့ ညီမျှတဲ့ ငွေတန်ဖိုး၊ မြန်မာကျပ်ငွေဆိုရင် တစ်စောင်ကို ၅၀,၀၀၀ ကျပ်၊ ထိုင်းဘတ်ငွေဆိုရင် ၅၀၀ ဘတ်၊ မလေးရှား ရင်းဂစ် ဆိုရင် ၇၀ အစရှိတဲ့ နှုန်းထားတွေနဲ့ ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကင်မ်နဲ့ ပြည်သူအတူတူ ဆိုတဲ့ လက်မှတ် ၁၀ စောင် ဝယ်ယူပြီးပါက လယ်ပိုင်ရှင်၊ အင်းပိုင်ရှင် (သူဌေးလေး) ပုံ ပါရှိတဲ့ အမှတ်တရ ဂုဏ်ပြုခံကတ် ရရှိမှာဖြစ်ပြီး လက်မှတ်အစောင် ၂၀ ဝယ်ယူပါက လယ်ပိုင်ရှင် ၊ အင်းပိုင်ရှင် (သူဌေးကြီး) ဆိုတဲ့ ဂုဏ်ပြုခံကတ် ရရှိမှာ ဖြစ်ပါတယ်။

ဂုဏ်ပြုခံကတ်တွေမှာ ကင်မ်ရဲ့ လက်မှတ်လည်း တစ်ပါတည်းပါရှိပြီး လက်မှတ်ဝယ်ယူထားတဲ့ သူတွေ အတွက် ဖေဖော်ဝါရီ ၁၂ ရက်မှာ ကင်မ်၊ ကိုပေါက်၊ ဆရာမနုယဉ်နဲ့ ကိုမောင်မောင်အေး တို့က တိုက်ရိုက် Live လွှင့်ပြီး ဆရာမ နုယဉ်ရဲ့ ပန်းချီကားကို ဂုဏ်ပြုချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။