မြန်မာ့နွေဦး

ကချင်ပြည်နယ်မှာ NUG ရဲ့ ပညာရေးစနစ်အတိုင်း သင်ကြားမယ့် ပညာရပ်စုံတက္ကသိုလ်ရဲ့ ရက်တိုသင်တန်း စတင်ဖွင့်လှစ်

မဲခေါင် 3 May - 2023
မဲခေါင်၊ မေ ၃ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ဖွင့်လှစ်ထားတဲ့ Kachin State Comprehensive University (KSCU) ပညာရပ်စုံ တက္ကသိုလ်ရဲ့ NUG ပညာရေးစနစ် အတိုင်း သင်ကြားမယ့် အချိန်ပိုင်း ရက်တို သင်တန်း ပထမ အသုတ်ကို မေလ ၁ ရက်နေ့က စတင် သင်ကြားနေပြီလို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၃

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ဖွင့်လှစ်ထားတဲ့ Kachin State Comprehensive University (KSCU) ပညာရပ်စုံ တက္ကသိုလ်ရဲ့ NUG ပညာရေးစနစ် အတိုင်း သင်ကြားမယ့် အချိန်ပိုင်း ရက်တို သင်တန်း ပထမ အသုတ်ကို မေလ ၁ ရက်နေ့က စတင် သင်ကြားနေပြီလို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ပညာရပ်စုံ တက္ကသိုလ်မှာ အခုဖွင့်နေတဲ့ အတန်းတွေ အကုန်လုံး ပထမနှစ်ဝက်နဲ့ ဒုတိယ နှစ်ဝက်ပေါင်း ရက်သတ္တပတ် ၃၀ (၈ လနီးပါး) ကြာ သင်ကြားမှာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလထဲမှာ စာမေးပွဲ ကျင်းပမယ်လို့ ဆိုပါတယ်။

“NUG စနစ်နဲ့ အထက်တန်း အောင်သွားကြတဲ့ ဘယ်သူမဆို လာတက်လို့ရတယ်။ တစ်နိုင်ငံလုံးပေါ့။ မြေပြန့်ကလည်း လာလို့ရတယ်။ ဝိဇ္ဇာသမားတွေကတော့ ကျောင်းအပ်ခ ၁၃၀,၀၀၀ နဲ့ ဖောင်ဝယ်တာက ၅,၀၀၀ ကုန်မယ်။ အဝေးက လာတဲ့ သူတွေကတော့ လိုင်ဇာရဲစခန်းမှာ ရဲထောက်ခံစာ လုပ်ရတယ်။ အဲမှာလည်း တတ်နိုင်သလောက် ထည့်ပေးပေါ့။ စုစုပေါင်း ၁၅၀,၀၀၀ လောက်ကုန်မယ်” လို့ ကျောင်းတာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် အဝေးက ကျောင်းလာအပ်တဲ့ ကျောင်းသူ/သားတွေ အနေနဲ့ လိုင်ဇာမြို့ထဲက ကိုယ်နေတဲ့ ရပ်ကွက်ရဲ့ ထောက်ခံစာလည်း ပူးတွဲ တင်ပြဖို့လိုတယ်လို့ ဆိုပါတယ်။

ပထမနှစ် စတင်တက်ရောက်မယ့် ကျောင်းသားတွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း-Psycho Test အရင်ဆုံး ဖြေဆိုပြီးမှပဲ General Education Program ရဲ့ နှစ်ဝက် ၂ ခုပေါင်း ၁၂ ဘာသာ သင်ကြားရမယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်ဝက်စာမေးပွဲ ၂ ကြိမ်လုံး အောင်မြင်တဲ့ ကျောင်းသူ/သားတွေကို ၎င်းတို့ ဝါသနာပါ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ဆက်လက်သင်ယူခွင့် ပြုထားတယ်လို့ ကျောင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပညာရပ်စုံတက္ကသိုလ်မှာ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်တွေ အပြင် ဆေးတက္ကသိုလ်လည်း ဖွင့်လှစ်ထားပြီး ဆေးကျောင်းသားတွေ ကိုတော့ KIA က ထောက်ပံ့မှု တချို့ ပေးထားတယ်လို့ သိရပါတယ်။

ဒီနှစ်ခေါ်ယူထားတဲ့ ပထမအသုတ်မှာ ပထမနှစ်၊ တတိယနှစ်တို့ ပါဝင်မှာဖြစ်ပြီး ဒုတိယနှစ်နဲ့ စတုတ္ထနှစ်ကိုတော့ လာမယ့် မေလ ၁၃ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

KSCU ပညာရပ်စုံ တက္ကသိုလ်ကို ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ပြီးစီးခဲ့ပါတယ်။

အဲ့ဒီ အခမ်းအနားကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG ရဲ့ ပညာရေးဝန်ကြီး ဒေါက်ဇော်ဝေစိုးနဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် သင်ယူနေတဲ့ ပထမအသုတ် ကျောင်းသား အယောက် ၃၅၀ ရှိတယ်လို့ သိရပါတယ်။

CJ – 006

#MeKongNews

#လိုင်ဇာ #KIA #KSCU #ပညာရပ်စုံတက္ကသိုလ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု