နေ့စဥ်သတင်း

ဘန်ကောက်မှာ ဆောက်လက်စတိုက်ပြိုကျလို့ မြန်မာလုပ်သား ၅ယောက် ဒဏ်ရာရ

မဲခေါင် 14 Feb - 2023
ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဘန်ကောက်က ဆောက်လုပ်ရေးဝန်းအတွင်း ဆောက်လက်စ တိုက်တစ်လုံးပြိုကျလို့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဘန်ကောက်က ဆောက်လုပ်ရေးဝန်းအတွင်း ဆောက်လက်စ တိုက်တစ်လုံးပြိုကျလို့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

မက္ကဆန်ရဲစခန်းကို တိုက်ပြိုကြောင်း အကြောင်းကြားလာလို့ သွားရောက်စစ်ဆေးရာမှာ ဟိုင်ခွမ်းခရိုင်၊ ခမ်ဖမ်းပတ် ၇ လမ်းက အဆောက်အအုံဖြစ်ကြောင်း သိရပြီး လေးထပ်အဆောက်အအုံဟာ နှစ်ထပ်ကနေ ပြိုကျ ရာမှာ မြန်မာလုပ်သား ၁၀၀ ကျော် လွတ်ရာထွက်ပြေးခဲ့ကြောင်းနဲ့ ၅ ယောက် ဒဏ်ရာရလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆေးရုံပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးလုပ်သားတွေဟာ အပျက်အစီးပုံကြားထဲ ပိတ်မိနေတဲ့  မြန်မာလုပ်သား ကျား ၁ ၊ မ ၂ ယောက်ကို ကယ်ထုတ် ခဲ့ရာမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေရခဲ့တာတွေ့ရကြောင်း၊ နောက်အမျိုးသမီးနှစ် ယောက်က အခင်းဖြစ်မှုမှာ မေ့လဲသွားလို့ စုစုပေါင်း ၅ ယောက်ကို ပက်ချရာဗက် ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနက ထုတ်ပြန်ခဲ့တယ်။

ပြိုကျတဲ့တိုက်ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီဟာ ၂၀၂၂ ဇူလိုင် ၈ ရက်ကနေ ၂၀၂၃ ဇူလိုင် ၇ ရက်နေ့အထိ လူနေအိမ်ခန်းတွေနဲ့ ရုံးခန်းတွေပါတဲ့ ဒီတိုက် ကို တစ်နှစ်အတွင်းအပြီးဆောက်ဖို့ ရက်ချိန်းသတ်မှတ်ခံထားရကြောင်း၊ တစ်ဆက်တည်း အဆောက်အအုံ ၁၀ လုံးနဲ့ လမ်းတွေကိုပါ ဖောက်လုပ်ပေးဖို့ တာဝန်ယူထားရပြီး ဆောက်လုပ်ရေးလုပ်သား ၁၃၀ ငှားထားတဲ့အနက် အများစုက မြန်မာလုပ်သားတွေဖြစ်ကြောင်း၊ အခု တိုက်ပြိုကျမှုဖြစ်လို့ လုပ်ငန်းတွေကို ရပ်ဆိုင်းပိတ်သိမ်းထား ကြောင်း မက္ကဆန်ရဲစခန်း ရဲမှူး သီသီက ရှင်းလင်းပြောကြားခဲ့ပါတယ်။

MKF – 001

Ref: thethaiger

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now