ကမ္ဘာ့သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင် 27 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင် ပြောကြားခဲ့ကာ အီရန်၏ လေကြောင်းလိုင်းများနှင့် ဘဏ်များကို ပစ်မှတ်ထားသော ကန့်သတ်ချက်အသစ်များ အလုပ်ဖြစ်ကြောင်း ပြောသည်။ “နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံပြီး အီရန်အစိုးရအပေါ် အရေးယူကြရေးကို တောင်းဆိုဖို့ ကျနော့်ရဲ့ ညွှန်ကြားချက်နဲ့ ကမ္ဘာတစ်ဝန်းဆီ အဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။ အဲဒီ ကြိုးပမ်းအားထုတ်မှုတွေက ရလဒ်တွေ ထွက်ပေါ်လာပါတယ်” ဟု ဘက်ဆင့်က X လူမှုကွန်ရက်တွင် ပြောကြားသည်။ တူရကီနှင့် အိုမန်က ပုဂ္ဂလိကလေကြောင်းလိုင်း Mahan Air ၏ ဆိုက်ရောက်ခရီးစဉ်များကို ရပ်တန့်လိုက်ကြောင်း နှင့် ယူအေအီးနိုင်ငံကလည်း အီရန်လေကြောင်းလိုင်းများ၏

မဲခေါင်၊ စက်တင်ဘာ ၂၇

အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင် ပြောကြားခဲ့ကာ အီရန်၏ လေကြောင်းလိုင်းများနှင့် ဘဏ်များကို ပစ်မှတ်ထားသော ကန့်သတ်ချက်အသစ်များ အလုပ်ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံပြီး အီရန်အစိုးရအပေါ် အရေးယူကြရေးကို တောင်းဆိုဖို့ ကျနော့်ရဲ့ ညွှန်ကြားချက်နဲ့ ကမ္ဘာတစ်ဝန်းဆီ အဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။ အဲဒီ ကြိုးပမ်းအားထုတ်မှုတွေက ရလဒ်တွေ ထွက်ပေါ်လာပါတယ်” ဟု ဘက်ဆင့်က X လူမှုကွန်ရက်တွင် ပြောကြားသည်။

တူရကီနှင့် အိုမန်က ပုဂ္ဂလိကလေကြောင်းလိုင်း Mahan Air ၏ ဆိုက်ရောက်ခရီးစဉ်များကို ရပ်တန့်လိုက်ကြောင်း နှင့် ယူအေအီးနိုင်ငံကလည်း အီရန်လေကြောင်းလိုင်းများ၏ ခရီးစဉ်များအားလုံးကို ရပ်တန့်လိုက်သည်ဟု ဘက်ဆင့်က မှတ်ချက်ပြုသည်။

ယူအေအီးနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော ဒူဘိုင်းမြို့သည် အီရန်လေကြောင်းလိုင်းများအတွက် အဓိကပြေးဆွဲသည့် နေရာတစ်ခုဖြစ်ကာ အီရန်လူမျိုးအများအပြားနေထိုင်သလို နီးကပ်သော စီးပွားရေးချိတ်ဆက်မှုများလည်း ရှိသည်။

ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်အသစ်များကိုလည်း ဘက်ဆင့်က မီးမောင်းထိုးပြသည်။

စက်တင်ဘာ ၂၃ ရက်တွင် အီရန်နိုင်ငံမှ မယ်လီဘဏ်၏ ဘဏ်ခွဲအားလုံးမှ အသွားအပြန် ငွေပေးငွေယူ ပို့ဆောင်မှုအားလုံးကို ယူအေအီးဗဟိုဘဏ်က တားဆီးပိတ်ပင်ခဲ့ပြီး ၎င်းတို့က ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှု နှင့် လက်နက်ပြန့်ပွားမှု ဥပဒေများကို ချိုးဖောက်နေသည်ဟု စွပ်စွဲပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း အီရန်၏ ပုဂ္ဂလိကတစ်ပိုင်း မဲလ်လက်ဘဏ် လိုင်စင်ကို တူရကီ အာဏာပိုင်များက ရုပ်သိမ်းလိုက်သည်။ ယင်းဘဏ်မှာလည်း အနောက်တိုင်းပိတ်ဆို့မှုများကို နှစ်ပေါင်းများစွာ ခံခဲ့ရသော ဘဏ်ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံပေါင်း ၅၀ ကျော် နှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း အမေရိကန်မီဒီယာ ဝေါလ်စထရိဂျာနယ်က ရေးသားခဲ့ပြီး ယင်းသတင်းကို ဘက်ဆင့်က ထပ်ဆင့်မျှဝေထားသည်။

အီရန်လေကြောင်းလိုင်း အားလုံးကို ကမ္ဘာတစ်ဝန်းတွင် ပိတ်ပစ်မည်ဟု ဘက်ဆင့်က စက်တင်ဘာ ၂၁ ရက် တွင် ကြုံးဝါးခဲ့သည်။

အေးကျော်
Ref:AFP
#MeKongNews
#အီရန်
#အထီးကျန်အောင်လုပ်မှု
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now