နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင် 24 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆ နှစ်အရွယ် ဖူးခက်သူ ရော့ခ်ကြယ်ပွင့်မလေး နီနီရွိုင်ရယ်ကို ထိုင်းနိုင်ငံ၏အကြီးမားဆုံး ပုဂ္ဂလိကလုပ်ငန်းစုကြီးဖြစ်သော CP Group ဥက္ကဌ ဒါနင်ချီအရာဗာနော့က မိသားစုနေထိုင်နိုင်မည့် ဇိမ်ခံကွန်ဒိုတစ်ခန်း ဆုချီးမြှင့်ပေးခဲ့သည်။ အမည်ရင်း ရာတီကန်အမ်လွိုင်သည် စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသည့် America’s Got Talent ပြိုင်ပွဲဗိုလ်လုပွဲ၌ အနိုင်ရဗိုလ်စွဲသည့်အတွက် ယင်းပြိုင်ပွဲမှပေးအပ်သည့် ဒေါ်လာ ၁ သန်းလည်း ရရှိနိုင်ခဲ့ကာ America’s Got Talent ပြိုင်ပွဲသမိုင်းတွင် အနိုင်ရဗိုလ်စွဲနိုင်သည့် ပထမဆုံးသော ထိုင်းနိုင်ငံသား ဖြစ်လာသည်။ ဘန်ကောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄

ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆ နှစ်အရွယ် ဖူးခက်သူ ရော့ခ်ကြယ်ပွင့်မလေး နီနီရွိုင်ရယ်ကို ထိုင်းနိုင်ငံ၏အကြီးမားဆုံး ပုဂ္ဂလိကလုပ်ငန်းစုကြီးဖြစ်သော CP Group ဥက္ကဌ ဒါနင်ချီအရာဗာနော့က မိသားစုနေထိုင်နိုင်မည့် ဇိမ်ခံကွန်ဒိုတစ်ခန်း ဆုချီးမြှင့်ပေးခဲ့သည်။

အမည်ရင်း ရာတီကန်အမ်လွိုင်သည် စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသည့် America’s Got Talent ပြိုင်ပွဲဗိုလ်လုပွဲ၌ အနိုင်ရဗိုလ်စွဲသည့်အတွက် ယင်းပြိုင်ပွဲမှပေးအပ်သည့် ဒေါ်လာ ၁ သန်းလည်း ရရှိနိုင်ခဲ့ကာ America’s Got Talent ပြိုင်ပွဲသမိုင်းတွင် အနိုင်ရဗိုလ်စွဲနိုင်သည့် ပထမဆုံးသော ထိုင်းနိုင်ငံသား ဖြစ်လာသည်။

ဘန်ကောက်ရှိ ဘန်နာထရတ်လမ်းပေါ်ရှိ မြေဧက ၁၆ ရိုင်ကျော်တွင် တည်ဆောက်နေသော Mulberry Grove The Forestias အဆင့်မြင့်ကွန်ဒိုအိမ်ရာစီမံကိန်းအတွင်းရှိ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ အကျယ် ၈၉ ဒဿမ ၆၉ စတုရန်းမီတာရှိသော အဆင့်မြင့်ကွန်ဒိုခန်းအား နီနီရွိုင်ရယ်နှင့် မိသားစုထံ ဆုချီးမြှင့်ကြောင်းနှင့် တစ်ဆက်တည်း ပညာသင်ဆု၊ Apple Studio Display၊ Apple AirPods Max နှင့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုပါ လက်ဆောင်ပေး အပ်ခဲ့သည်ဟု ဥက္ကဌ ဒါနင်ကပြောသည်။

CP Group သည် ဩဂုတ်လအတွင်းကလည်း နီနီရွိုင်ရယ် ပြိုင်ပွဲဝင်နေချိန် ပရိုမိုးရှင်းလုပ်ပေးခြင်းအနေဖြင့် နယူးယောက်ရှိ Times ရင်ပြင်၌ LED ဖန်သားပြင်ထက် နီနီရွိုင်ရယ်ပုံရိပ်များကို ပြသပေးခဲ့သည်။

အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း နီနီရွိုင်ရယ်သည် မိသားစု၏အရေးပါမှုကို သိမြင်ခံစားတတ်ခြင်း၊ ရည်မှန်းချက် အကောင်အထည်ပေါ်ရန် မဆုတ်မနစ်ကြိုးပမ်းခြင်း၊ အခက်အခဲများကို ကျော်ဖြတ်နိုင်စွမ်းရှိခြင်း၊ ယုံကြည်ချက် မြင့်မားခြင်းတို့ အပြည့်ရှိကာ လူငယ်အားလုံးကို လှုံ့ဆော်ပေးနိုင်စွမ်းရှိသဖြင့် ယခုလို ဆုချီးမြှင်ခြင်းဖြစ်သည်ဟု ဥက္ကဌဒါနင်က ဆက်လက်ပြောကြားခဲ့သည်။

ကိုကလင်း
Ref:Thethaiger
#MeKongNews
#ထိုင်းနိုင်ငံ
#ပထမဆုံး
#AGT
#နီနီရွိုင်ရယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now