နိုင်ငံတကာသတင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင် 24 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ၎င်းကလေး၏ ဖခင်မှာ အသက် ၁၃ နှစ်အရွယ် ဖြစ်ကြောင်း အမှတ် (၈) ကျန်းမာရေးမြှင့်တင်ရေးဌာမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယင်းအကြောင်းအရာကို ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှုများကို ကာကွယ်တားဆီးရေး အစီအစဉ်တစ်ရပ်အား ဒေသတွင်းတက္ကသိုလ်က စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့စဉ် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမိန်းကလေးသည် ချစ်သူနှင့် မပြတ်စဲစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်ဝန်ရရှိအောင် တမင် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ ယင်းဖြစ်ရပ်ကို ဥဒုံဌာနီနီရာချဖတ်တက္ကသိုလ်၌ ပြုလုပ်သည့်

မဲခေါင်၊ စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ၎င်းကလေး၏ ဖခင်မှာ အသက် ၁၃ နှစ်အရွယ် ဖြစ်ကြောင်း အမှတ် (၈) ကျန်းမာရေးမြှင့်တင်ရေးဌာမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းအကြောင်းအရာကို ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှုများကို ကာကွယ်တားဆီးရေး အစီအစဉ်တစ်ရပ်အား ဒေသတွင်းတက္ကသိုလ်က စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့စဉ် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းမိန်းကလေးသည် ချစ်သူနှင့် မပြတ်စဲစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်ဝန်ရရှိအောင် တမင် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ယင်းဖြစ်ရပ်ကို ဥဒုံဌာနီနီရာချဖတ်တက္ကသိုလ်၌ ပြုလုပ်သည့် “Safe Love Smart Life” အလုပ်ရုံဆွေးနွေးပွဲတွင် ဥပမာအဖြစ် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲ မတိုင်မီ မကြာသေးမီကလည်း စတုတ္ထနှစ် ကျောင်းသူတစ်ဦးသည် အဆောင်တွင် ကိုယ်ဝန်ပျက်ကျခဲ့ပြီးနောက် ကလေး၏ ရုပ်အလောင်းကို ဘုန်းကြီးကျောင်းသို့ ယူဆောင်သွားခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှု အခြေအနေများကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လေ့လာစောင့်ကြည့်လာခဲ့ကြောင်း အမှတ် (၈) ကျန်းမာရေးမြှင့်တင်ရေးဌာနမှ ဆူကန်ယာ ကနဝါပီက ပြောသည်။

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သကဲ့သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စောင့်ကြည့်တိုင်းတာနေသည့် အဓိကညွှန်းကိန်းတစ်ရပ်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်း၏အဆိုအရ ဥဒုံဌာနီဒေသတွင် အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း မိခင်များ မွေးဖွားသည့်အရေအတွက်မှာ ၂၀၂၃ ခုနှစ်တွင် ၂၀ ဦး ရှိခဲ့ရာမှ ယခုနှစ်တွင် ၆ ဦးအထိ လျော့ကျလာခဲ့သည်။

ယင်းအသက်အုပ်စုသည် ဥဒုံဌာနီဒေသရှိ ဆယ်ကျော်သက်မိခင်များ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်းလည်း ၎င်းက ပြောသည်။

အကြံပေးဝန်ဆောင်မှုများမှ ရရှိသည့် အချက်အလက်များအရ လူငယ်များသည် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုရှိနေကြောင်း မိဘများ သိရှိသွားမည်ကို ကိုယ်ဝန်ရနိုင်ခြေရှိခြင်းထက် ပိုမိုစိုးရိမ်လေ့ရှိကြောင်း ဆူကန်ယာက ပြောသည်။

လူငယ်များအနေဖြင့် အကြံဉာဏ်များ ရယူရန် ၎င်းက တိုက်တွန်းခဲ့ပြီး သန္ဓေတားနည်းများအကြောင်း နားလည်ထားရန်၊ မိမိတို့၏ ခန္ဓာကိုယ်ကို လေးစားတန်ဖိုးထားရန်နှင့် ကိုယ်ဝန်ဆောင်ခြင်းနှင့် လိင်မှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများ၏ အန္တရာယ်များကို သိရှိနားလည်ထားရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြခဲ့သည့် အချက်အလက်များအရ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိမှုနှင့်ပတ်သက်၍ အကြံဉာဏ် လာရောက်တောင်းခံခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနက် ၅၅ ဒဿမ ၃ ရာခိုင်နှုန်းက မိမိတို့ဆန္ဒအလျောက် ရည်ရွယ်ထားခြင်းမရှိဘဲ လိင်ဆက်ဆံမိခဲ့ကြောင်း ဖြေဆိုခဲ့သည်။

ဖြေဆိုသူများကလည်း အခြေအနေ သို့မဟုတ် ပတ်ဝန်းကျင်အနေအထားကြောင့် လိင်ဆက်ဆံဖြစ်ခဲ့သည့် အခြေအနေများကို ဖော်ပြခဲ့ကြသည်။

ထို့အပြင် ၂၀ ဒဿမ ၅ ရာခိုင်နှုန်းက အရက် သို့မဟုတ် မူးယစ်စေသောအရာများကြောင့် မူးယစ်နေစဉ် လိင်ဆက်ဆံခဲ့ကြောင်း ဖြေဆိုခဲ့သည်။

အချက်အလက်များအရ ကိုယ်ဝန်ဆောင်မှုများအနက် ၆၄ ဒဿမ ၅ ရာခိုင်နှုန်းမှာ မရည်ရွယ်ဘဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၃၅ ဒဿမ ၆ ရာခိုင်နှုန်းမှာ ရည်ရွယ်ထားသည့် ကိုယ်ဝန်ဆောင်မှုများ ဖြစ်ကြောင်းလည်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြခဲ့သည့် အချက်အလက်များအရ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှုသည် ပညာရေးဆက်လက်သင်ယူနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်ဝင်ငွေအခြေအနေများအပြင် မိသားစုဆက်ဆံရေးနှင့် ငွေကြေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ်လည်း သက်ရောက်မှု ရှိနိုင်သည်။

လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ လျှို့ဝှက်စွာ အကြံပေးဆွေးနွေးပေးသည့် ဝန်ဆောင်မှုများကို ပေးအပ်နေကြောင်း အမှတ် (၈) ကျန်းမာရေးမြှင့်တင်ရေးဌာနမှ ပြောသည်။

Ref:Khaosod
#MeKongNews
#မိန်းကလေး
#ကလေးမွားဖွား
#အသက်အငယ်ဆုံးမိခင်
#မှတ်တမ်းဝင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now