နေ့စဥ်သတင်း

ရွာငံတွင် လိမ္မော်၊ လက်ဖက်နှင့် ကော်ဖီပျိုးပင်များ ခိုးယူခံနေရ

မဲခေါင် 24 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း တောင်သူများ ခြံများထဲတွင် စိုက်ပျိုးထားသည့် လိမ္မော်၊ လက်ဖက်နှင့် ကော်ဖီပျိုးပင်များကို လိုက်လံခိုးယူမှုများရှိနေသဖြင့် တောင်သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ အဆိုပါ ပျိုးပင်များကို တောင်သူများက စိုက်ပျိုးရန်အတွက် ငွေကြေးကုန်ကျခံကာ ဝယ်ယူထားရခြင်းဖြစ်ပြီး ခြံအတွင်း စိုက်ပျိုးပြီးနောက် အပင်ရှင်သန်လာချိန်တွင် လာရောက်ခိုးယူခံနေရခြင်းဖြစ်သည်။ အချို့ခြံများတွင် တစ်ကြိမ်တည်း ပျိုးပင်အများအပြား ပျောက်ဆုံးသွားသည့်အပြင် ခိုးယူသူများက ပျိုးပင်များကို အမြစ်မှတူးယူသွားခြင်းကြောင့် တောင်သူများအနေဖြင့် ပြန်လည်စိုက်ပျိုးရန် အချိန်နှင့် ငွေကြေး ထပ်မံကုန်ကျရကြောင်း သိရသည်။ “ပျိုးပင်တွေကို ဝယ်ပြီး စိုက်ထားတာပါ။ အပင်ကောင်းကောင်းဖြစ်လာတော့မှ တူးယူသွားတာဆိုတော့ တော်တော်စိတ်ညစ်ရတယ်။ ပြန်ဝယ်ပြီး ပြန်စိုက်ရတာလည်း ငွေကုန်တယ်။ ခြံထဲမှာလည်း

မဲခေါင်၊ စက်တင်ဘာ ၂၄

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း တောင်သူများ ခြံများထဲတွင် စိုက်ပျိုးထားသည့် လိမ္မော်၊ လက်ဖက်နှင့် ကော်ဖီပျိုးပင်များကို လိုက်လံခိုးယူမှုများရှိနေသဖြင့် တောင်သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

အဆိုပါ ပျိုးပင်များကို တောင်သူများက စိုက်ပျိုးရန်အတွက် ငွေကြေးကုန်ကျခံကာ ဝယ်ယူထားရခြင်းဖြစ်ပြီး ခြံအတွင်း စိုက်ပျိုးပြီးနောက် အပင်ရှင်သန်လာချိန်တွင် လာရောက်ခိုးယူခံနေရခြင်းဖြစ်သည်။

အချို့ခြံများတွင် တစ်ကြိမ်တည်း ပျိုးပင်အများအပြား ပျောက်ဆုံးသွားသည့်အပြင် ခိုးယူသူများက ပျိုးပင်များကို အမြစ်မှတူးယူသွားခြင်းကြောင့် တောင်သူများအနေဖြင့် ပြန်လည်စိုက်ပျိုးရန် အချိန်နှင့် ငွေကြေး ထပ်မံကုန်ကျရကြောင်း သိရသည်။

“ပျိုးပင်တွေကို ဝယ်ပြီး စိုက်ထားတာပါ။ အပင်ကောင်းကောင်းဖြစ်လာတော့မှ တူးယူသွားတာဆိုတော့ တော်တော်စိတ်ညစ်ရတယ်။ ပြန်ဝယ်ပြီး ပြန်စိုက်ရတာလည်း ငွေကုန်တယ်။ ခြံထဲမှာလည်း အမြဲတမ်းလူစောင့်ထားလို့ မရတော့ ညဘက်ဆို ပျိုးပင်တွေ မရှိတော့မှာကို စိုးရိမ်နေရတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပျိုးပင်များ ခိုးယူခံနေရသည့်အတွက် တောင်သူများအနေဖြင့် မိမိတို့၏ ခြံများကို အချိန်ပြည့် စောင့်ကြည့်ရန် လိုအပ်လာပြီး အလုပ်သမားငှားရမ်း၍ ခြံစောင့်ခိုင်းရပါကလည်း အပိုကုန်ကျစရိတ်များ ရှိလာကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် လိမ္မော်၊ လက်ဖက်နှင့် ကော်ဖီကဲ့သို့ နှစ်ရှည်စိုက်ပျိုးသီးနှံများသည် အပင်ကြီးထွားရန် အချိန်ယူရသဖြင့် ပျိုးပင်များ ခိုးယူခံရခြင်းသည် တောင်သူများ၏ လာမည့်နှစ်များအတွက် မျှော်မှန်းထားသည့် ဝင်ငွေကိုပါ ထိခိုက်စေနိုင်ကြောင်း တောင်သူများက ပြောသည်။

“တစ်ပင်ကို တန်ဖိုးနဲ့ပဲတွက်လို့မရဘူး။ အပင်ကို ပြန်စိုက်ပြီး ရှင်သန်အောင်လုပ်ရတာ အချိန်လည်းကြာတယ်။ ခိုးသွားရင် ပျိုးပင်ဖိုးတင်မကဘူး၊ အလုပ်ခနဲ့ အချိန်ပါ ဆုံးရှုံးရတာဖြစ်တယ်” ဟု အခြားတောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပျိုးပင်များ ခိုးယူနေသူများကို ဖမ်းဆီး အရေးယူနိုင်ရန် ဒေသခံများ လိုလားနေကြပြီး ခိုးယူမှုများ ဆက်လက်ဖြစ်ပွားနေပါက တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအပေါ် ထိခိုက်မှုများ ပိုမိုရှိလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

#MeKongNews
#ရွာငံ
#လိမ္မော်
#လက်ဖက်
#ကော်ဖီ
#ပျိုးပင်
#ခိုးယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now