နိုင်ငံတကာသတင်း

ဥဒုံဌာနီတွင် တိုက်ကြက် ၂၅ ကောင်ပျောက်ဆုံးမှု တရားခံအဖြစ် ၃ မီတာရှည်သော စပါးအုံးမြွေကြီး ဖမ်းမိ

မဲခေါင် 21 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၁ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်၊ နောင်ဆမ်ရောင်းလမ်းရှိ နေအိမ်တစ်လုံး၌ မွေးထားသည့်တိုက်ကြက် ၂၅ ကောင်အထိ ပျောက်ဆုံးနေသည်ကို အိမ်ရှင်ကသံသယများစွာ ရှိနေချိန် စက်တင်ဘာ ၂၀ ရက်က တရားခံအဖြစ် ၃ မီတာ ရှည်သော စပါးအုံးမြွေကြီးကို ဖမ်းဆီးရမိခဲ့သည်။ ဘန်ဘိုနန်ရပ်ကွက်ရှိ တိုက်ကြက်မွေးမြူရေးသမားဝက်သီဖတ်က ပြီးခဲ့သည့် ၂ ပတ်အတွင်း ကြက် ၂၅ ကောင်အထိ ပျောက်ဆုံးခဲ့ရာ ကြောင်ခုတ်ခြင်း သို့မဟုတ် သူခိုးခိုးခြင်းဟု ထင်မြင်ခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက် ညဦးပိုင်းက ကြက်များအလန့်တကြားအော်သံကြားသဖြင့် ထွက်ကြည့်စဉ် ခြံတွင်း ကျွဲကောပင်ပေါ် ၃ မီတာရှည်သည့် စပါးအုံးမြွေကြီးအား တွေ့ရပြီး အပင်အောက်၌ ညှစ်သတ်ထားသော ကြက်အသေကောင်ကိုလည်း

မဲခေါင်၊ စက်တင်ဘာ ၂၁

ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်၊ နောင်ဆမ်ရောင်းလမ်းရှိ နေအိမ်တစ်လုံး၌ မွေးထားသည့်တိုက်ကြက် ၂၅ ကောင်အထိ ပျောက်ဆုံးနေသည်ကို အိမ်ရှင်ကသံသယများစွာ ရှိနေချိန် စက်တင်ဘာ ၂၀ ရက်က တရားခံအဖြစ် ၃ မီတာ ရှည်သော စပါးအုံးမြွေကြီးကို ဖမ်းဆီးရမိခဲ့သည်။

ဘန်ဘိုနန်ရပ်ကွက်ရှိ တိုက်ကြက်မွေးမြူရေးသမားဝက်သီဖတ်က ပြီးခဲ့သည့် ၂ ပတ်အတွင်း ကြက် ၂၅ ကောင်အထိ ပျောက်ဆုံးခဲ့ရာ ကြောင်ခုတ်ခြင်း သို့မဟုတ် သူခိုးခိုးခြင်းဟု ထင်မြင်ခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက် ညဦးပိုင်းက ကြက်များအလန့်တကြားအော်သံကြားသဖြင့် ထွက်ကြည့်စဉ် ခြံတွင်း ကျွဲကောပင်ပေါ် ၃ မီတာရှည်သည့် စပါးအုံးမြွေကြီးအား တွေ့ရပြီး အပင်အောက်၌ ညှစ်သတ်ထားသော ကြက်အသေကောင်ကိုလည်း တွေ့ခဲ့ရသည်။

ထို့ကြောင့် ဝက်သီဖတ်က ဒေသခံဆောင်ဆမ်သန်ဖောင်ဒေးရှင်းသို့ ခေါ်ယူပြီး မြွေအား ဖမ်းဆီးခိုင်းကာ တောတွင်းသွားရောက်လွှတ်ပေးခဲ့သည်။

အလေးချိန် ၂၀ ကီလိုဂရမ်ရှိသော စပါးအုံးမြွေကြီးသည် အနီးအနားရှိ ဆောက်လုပ်ရေးဆိုက်တစ်ခု သို့မဟုတ် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်ရာနေရာတွင် နေထိုင်ဖွယ်ရှိကြောင်း ယူဆရပြီး အစာအဖြစ် ဝက်သီဖတ်အိမ်မှကြက်များကို နေ့စဉ် လာရောက်ခိုးစားခြင်းဖြစ်သည်။

တိုက်ကြက် ၂၅ ကောင်သေဆုံးခဲ့ရသော်လည်း ဝက်သီဖတ်က တစ်ကြိမ်မျှ မမြင်ဖူးသော ကြီးမားသည့် စပါးအုံးမြွေကြီး တွေ့ရှိရခြင်းမှာ ကံကောင်းစေမည်ဟု ယုံကြည်သဖြင့် ၎င်း၏ အိမ်နံပတ် ၁၄၇ ကို အောက်တိုဘာလ ၁ ရက်ထွက်မည့် ထိုင်းထီတွင် ရှာဖွေရွေးချယ် ထိုးသွားမည်ဟု ပြောဆိုခဲ့သည်။

ကိုကလင်း
Ref:Khaosod
#MekongNews
#ဥဒုံဌာနီ
#တိုက်ကြက်
#စပါးအုံးမြွေကြီး
#ဖမ်းမိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ ဦးက ရဲမေများထံမှ ကာမလိမ်လည်ရယူနေ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်တွင် ကလေးငယ် ညီအစ်ကို ၃ ဦးကို သတ်ဖြတ်ခဲ့သူ တရားခံအား ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အဖွဲ့အား ကူညီပေးနေသည်ဟု စွပ်စွဲကာ PNO ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်ကြီး အောင်ဆန်း ဆိုသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀ တောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။ တရားရုံး၌ တရားခံဧည့်တွေ့ခွင့်မှာ မိနစ်ပိုင်းသာ တွေ့ရသော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now