မဲခေါင်၊ စက်တင်ဘာ ၂၀
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် ယမန်နေ့ (စက်တင်ဘာ ၁၉) ညပိုင်းက နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၉ ရက်၊ ည ၇ နာရီ ၅၄ မိနစ်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ လမ်းသွယ် (၈) တွင် ရှိသည့် နေအိမ်တစ်လုံး၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။
“မီးပျက်သွားလို့ ကလေးတွေက ဖယောင်းတိုင်ထွန်းရာက မီးလောင်တာလို့ သိရတယ်၊ မီးလောင်ချိန်မှာ လူကြီးတွေမရှိဘူးတဲ့၊ ဘယ်သူမှတော့ ထိခိုက်တာမရှိပါဘူး” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
မီးမှာ အခြားနေရာများသို့ ကူးစက်မှုမရှိဘဲ ည ၈ နာရီ ၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက် နံနက် ၈ နာရီကျော်ခန့်ကလည်း မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ နေအိမ်ဟုဆိုသည့် ကျားဖြန့်ရုံတစ်ရုံ လျှပ်စစ်ဝါယာရှော့ဖြစ်သည်ဟုဆိုကာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့သေးသည်။
#MeKongNews
#မူဆယ်
#ဟိုမွန်ရပ်ကွက်
#ဖယောင်းတိုင်မီး
#မီးလောင်








