နေ့စဥ်သတင်း

မန္တလေးတွင် ကျောက်မျက်ရတနာ ကျားဖြန့်လုပ်သည့် တရုတ်နိုင်ငံသားများ အပါအဝင် ၂၈ ဦး ဖမ်းဆီးခံ

မဲခေါင် 16 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၁၆ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်း အွန်လိုင်းအသုံးပြု၍ ကျောက်မျက်ရတနာအတုများနှင့် အရည်အသွေးညံ့ ကျောက်စိမ်းများကို လိမ်လည်ရောင်းချနေသည့် တရုတ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံသား ၁၁ ဦး အပါအဝင် စုစုပေါင်း ၂၈ ဦးကို ဖုန်းအလုံး ၅၀၀ ကျော်၊ ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်က ယနေ့ သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ မဟာအောင်မြေအရှေ့ရပ်ကွက်၊ လမ်း (၈၀)၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ နေအိမ်တစ်လုံးတွင် နိုင်ငံခြားသားများ အွန်လိုင်းမှ ကျောက်မျက်ရတနာ လိမ်လည်ရောင်းချနေသည်ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာတွင် တရုတ်နိုင်ငံသား

မဲခေါင်၊ စက်တင်ဘာ ၁၆

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်း အွန်လိုင်းအသုံးပြု၍ ကျောက်မျက်ရတနာအတုများနှင့် အရည်အသွေးညံ့ ကျောက်စိမ်းများကို လိမ်လည်ရောင်းချနေသည့် တရုတ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံသား ၁၁ ဦး အပါအဝင် စုစုပေါင်း ၂၈ ဦးကို ဖုန်းအလုံး ၅၀၀ ကျော်၊ ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်က ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မဟာအောင်မြေအရှေ့ရပ်ကွက်၊ လမ်း (၈၀)၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ နေအိမ်တစ်လုံးတွင် နိုင်ငံခြားသားများ အွန်လိုင်းမှ ကျောက်မျက်ရတနာ လိမ်လည်ရောင်းချနေသည်ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ယင်းနေရာတွင် တရုတ်နိုင်ငံသား Mr. Chen Xiao Dai (ချိန်ရှောင်းတိုက်) ဦးဆောင်သည့် တရုတ်နိုင်ငံသား ၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၂၀ ဦးကို ကွန်ပျူတာ အလုံး ၃၀ ကျော်၊ လက်ကိုင်ဖုန်း ၈၁ လုံးတို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးမှုမှ ကွင်းဆက်အဖြစ် စက်တင်ဘာလ ၃ ရက် ညနေပိုင်းတွင် မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်းနှင့် ၁၀၁ လမ်းထောင့်ရှိ အင်ခွန်ခါးတောမ် ပိုင်ဆိုင်သည့် “MagDalenamoom ကျောက်မျက်ရတနာရောင်းဝယ်ရေး” နေအိမ်အား ထပ်မံဝင်ရောက်ရှာဖွေခဲ့သည်။ ထိုရှာဖွေမှုအတွင်း နေအိမ်ပိုင်ရှင် အင်ခွန်ခါးတောမ် အပါအဝင် မြန်မာနိုင်ငံသား ၄ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦးတို့ကို လက်ကိုင်ဖုန်း ၄၉၈ လုံး၊ ကွန်ပျူတာများနှင့် ကျောက်စိမ်းလက်ကောက် ၁၅ ကွင်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ စစ်ဆေးချက်များအရ အဆိုပါဂိုဏ်းကို ဦးဆောင်သူမှာ တရုတ်နိုင်ငံသား Chen Xiao Dai ဖြစ်ပြီး၊ လိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်းအလုံး ၅၀၀ ခန့်ကို လာအိုနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် မှောင်ခိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် မဟာအောင်မြေမြို့နယ်ရှိ သုံးထပ်တိုက်နှင့် အင်ခွန်ခါးတောမ်၏ ကျောက်မျက်အရောင်းခြံတို့တွင် ကျောက်စိမ်းအချောထည်အတုများနှင့် အရည်အသွေးညံ့ ပစ္စည်းများကို စုဆောင်းထားကာ အွန်လိုင်း Live လွှင့်၍ ကံစမ်းမဲဖောက်သည့် ပုံစံဖြင့် လိမ်လည်ရောင်းချခဲ့ကြသည်။ ထို့နောက် မဲပေါက်သူများကို လက်ဆောင်အဖြစ် ကျောက်စိမ်းအကြမ်းထည် ရရှိသဖြင့် ပေးပို့ခနှင့် အခွန်အခ ကျသင့်သည်ဟုဆိုကာ ငွေလွှဲခိုင်းပြီးနောက် Block လုပ်၍ ငွေကြေးလိမ်လည်ခဲ့ခြင်း ဖြစ်သည်။

လိမ်လည်ရရှိသည့် ငွေများကိုလည်း အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံရှိ ဘဏ်အကောင့်များသို့ တိုက်ရိုက်လွှဲပြောင်း စေခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး၊ ဖမ်းဆီးရမိသည့် တရုတ် ၆ ဦး၊ အင်ဒိုနီးရှား ၄ ဦး၊ မလေးရှား ၁ ဦးနှင့် မြန်မာ ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးကို အရေးယူရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

#MeKongNews
#မန္တလေး
#ကျားဖြန့်
#တရုတ်
#ကျောက်မြတ်ရတနာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ ဦးက ရဲမေများထံမှ ကာမလိမ်လည်ရယူနေ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်တွင် ကလေးငယ် ညီအစ်ကို ၃ ဦးကို သတ်ဖြတ်ခဲ့သူ တရားခံအား ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အဖွဲ့အား ကူညီပေးနေသည်ဟု စွပ်စွဲကာ PNO ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်ကြီး အောင်ဆန်း ဆိုသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀ တောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။ တရားရုံး၌ တရားခံဧည့်တွေ့ခွင့်မှာ မိနစ်ပိုင်းသာ တွေ့ရသော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now