နေ့စဥ်သတင်း

အင်းလေးဒေသခံလူငယ်များကို စစ်ကောင်စီက မူးယစ်ဆေး အကြောင်းပြ ဖမ်းဆီးငွေညှစ်၊ ငွေပေးနိုင်သူသာ ပြန်လွှတ်ပေးနေဟုဆို

မဲခေါင် 26 Aug - 2026
မဲခေါင် | ဩဂုတ် ၂၅ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းပေါခုံကျေးရွာအုပ်စု၊ ရွာကြီးတောင်ကျေးရွာတွင် နန်းပန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးအကြောင်းပြ၍ ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ဩဂုတ် ၂၂ ရက် ည ၁၁ နာရီခန့်တွင် ရွာကြီးတောင် (လယ်ပြင်) ရှိ ဦးထွန်းဝင်း၏ နေအိမ်တွင် ရှိနေသည့် ဇော်မင်းလေးနှင့် ဖိုးရင်အိုတို့ကို နန်းပန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၉ ဦးခန့်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများအနက် ဇော်မင်းလေးထံမှ ငွေကျပ် သိန်း ၆၀ တောင်းခံခဲ့ပြီး မိသားစုဝင်များက ငွေကျပ် သိန်း ၄၀ ပေးဆောင်ခဲ့ပြီးနောက် ဩဂုတ်လ ၂၃

မဲခေါင် | ဩဂုတ် ၂၅

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းပေါခုံကျေးရွာအုပ်စု၊ ရွာကြီးတောင်ကျေးရွာတွင် နန်းပန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးအကြောင်းပြ၍ ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ် ၂၂ ရက် ည ၁၁ နာရီခန့်တွင် ရွာကြီးတောင် (လယ်ပြင်) ရှိ ဦးထွန်းဝင်း၏ နေအိမ်တွင် ရှိနေသည့် ဇော်မင်းလေးနှင့် ဖိုးရင်အိုတို့ကို နန်းပန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၉ ဦးခန့်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် ဇော်မင်းလေးထံမှ ငွေကျပ် သိန်း ၆၀ တောင်းခံခဲ့ပြီး မိသားစုဝင်များက ငွေကျပ် သိန်း ၄၀ ပေးဆောင်ခဲ့ပြီးနောက် ဩဂုတ်လ ၂၃ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ဆိုသည်။

ဖိုးရင်အိုမှာမူ တောင်းခံသည့်ငွေကြေးကို ပေးဆောင်နိုင်ခြင်းမရှိသဖြင့် ဆက်လက်ဖမ်းဆီးခံထားရပြီး စစ်မှုထမ်းအဖြစ် ပို့ဆောင်ခံရနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

“ဒီဘက်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လူငယ်တွေကို ဖမ်းဆီးတာတွေရှိပေမယ့် တကယ်မူးယစ်ဆေးဝါး လက်ကြီးဖြန့်ဖြူးရောင်းချနေသူတွေကိုတော့ အရေးယူတာ မတွေ့ရဘူး။ ငွေပေးနိုင်တဲ့သူက ပြန်လွတ်လာပြီး ငွေမပေးနိုင်တဲ့သူတွေကတော့ ဆက်လက်ဖမ်းဆီးခံနေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီလိုဖြစ်နေတာကြောင့် ဒေသခံမိသားစုတွေက ကိုယ့်သားသမီးတွေ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြရတယ်။ မူးယစ်ဆေးဝါးကို အကြောင်းပြပြီး ငွေညှစ်တာမျိုးမလုပ်ဘဲ တကယ်ဖြန့်ဖြူးရောင်းချနေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် PNA ပြည်သူ့စစ်များနှင့် ချိတ်ဆက်ကာ မူးယစ်ဆေးဝါးများ တင်သွင်းဖြန့်ဖြူးနေသည်ဟု ဒေသခံများက ပြောဆိုပြီး ယင်းအခြေအနေကြောင့် ကျေးရွာအတွင်း လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာသည်ဟု ဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များအကြား ပူးပေါင်းအကျိုးအမြတ်ရှာဖွေမှုများ ရှိနေသည်ဟု ဒေသခံမျာက ပြောဆိုနေကြပြီး ဖမ်းဆီးငွေညှစ်ခံရမည်ကို စိုးရိမ်နေကြရသည့်အပြင် ကျေးရွာအတွင်း မူးယစ်ဆေးဝါး ပြန့်ပွားမှုကြောင့် လူငယ်များ၏ လုံခြုံရေးနှင့် အနာဂတ်အတွက်လည်း စိုးရိမ်နေကြရကြောင်း သိရသည်။

#MeKongNews
#အင်းလေး
#ရှမ်းတောင်
#စစ်ကောင်စီ
#မူးယစ်ဆေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now