နိုင်ငံတကာသတင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင် 20 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ် မောင်းနှင်သွားနိုင်ရေး စတင်လေ့ကျင်နေပြီဖြစ်သည်။ မိဖုရားသည် ဖိုက်တာဂျက်လေယာဉ်မောင်းနှင်သူ ဖြစ်လာစေရန် ဆူရတ်ဌာနီရှိ ထိုင်းတော်ဝင်လေတပ်တွင် ယနေ့ ဩဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၄ ရက်အထိ လေ့ကျင့်ရေးသင်တန်းများစွာကို သင်ကြားပြီး နောက်ဆုံး၌ Gripen ဖိုက်တာဂျက်လေယာဉ်ကို တစ်ကိုယ်တော် မောင်းနှင်နိုင်သည်အထိ သင်ကြားသွားမည်ဟု ထိုင်းစစ်သတင်းတစ်ရပ်က ဆိုသည်။ ယခင်ကတည်းက ဆုသီတာသည် ဆူရတ်ဌာနီရှိ Wing 7လေတပ်သို့ မကြာခဏ

မဲခေါင်၊ ဩဂုတ် ၂၀

ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ် မောင်းနှင်သွားနိုင်ရေး စတင်လေ့ကျင်နေပြီဖြစ်သည်။

မိဖုရားသည် ဖိုက်တာဂျက်လေယာဉ်မောင်းနှင်သူ ဖြစ်လာစေရန် ဆူရတ်ဌာနီရှိ ထိုင်းတော်ဝင်လေတပ်တွင် ယနေ့ ဩဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၄ ရက်အထိ လေ့ကျင့်ရေးသင်တန်းများစွာကို သင်ကြားပြီး နောက်ဆုံး၌ Gripen ဖိုက်တာဂျက်လေယာဉ်ကို တစ်ကိုယ်တော် မောင်းနှင်နိုင်သည်အထိ သင်ကြားသွားမည်ဟု ထိုင်းစစ်သတင်းတစ်ရပ်က ဆိုသည်။

ယခင်ကတည်းက ဆုသီတာသည် ဆူရတ်ဌာနီရှိ Wing 7လေတပ်သို့ မကြာခဏ လာရောက်ပြီး ယင်းလေတပ်သည် Gripen ဖိုက်တာဂျက်လေယာဉ်များထားရှိရာ တပ်ဖြစ်သောကြောင့် လေယာဉ်မောင်းများနှင့် ဆွေးနွေးပြောဆိုမှုများ လုပ်ခဲ့သည်။

ယခင်ကတည်းက လေယာဉ်ပိုင်းလော့တစ်ဦးဖြစ်သည့် ဆုသီတာသည် Gripen နှင့်လက်တွေ့ ပျံသန်းမှု မလုပ်မီ ကမ်ဖန်းဆန် လေယာဉ်မှူးသင်တန်းကျောင်း၌ အမောင်းသင် L-39 လေယာဉ်နှင့် လေ့ကျင့်ပျံသန်းမှုများတွင်လည်း အလွန် ရမှတ်ကောင်းမွန်ခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

ယခုတစ်ပတ်အတွင်း၌လည်း မိဖုရားကြီးသည် ဒွန်မောင်းရှိ ထိုင်းတော်ဝင်လေတပ်တွင် မြေပြင်၌ စက်ခန်းတုဖြင့် မောင်းနှင်သင်ကြားရသည့် Flight Simulator Test တွင် သင်ကြားမှုများ ခံယူခဲ့သေးသည်။

မိဖုရားဆုသီတာသည် အမှန်တကယ် ဖိုက်တာဂျက်လေယာဉ်အား တစ်ကိုယ်တော် မောင်းနှင်ပျံသန်းနိုင်ပြီဆိုပါက ကမ္ဘာတွင် ပထမဆုံးသော ဖိုက်တာဂျက်လေယာဉ်နှင့် Gripen ဖိုက်တာဂျက်လေယာဉ်ကို မောင်းနှင်နိုင်သည့် ပထမဆုံး မိဖုရားဖြစ်လာမည်ဟုလည်း သတင်းက ဆိုသည်။

ကိုကလင်း
Ref:Thethaiger
#MeKongNews
#တစ်ကိုယ်တော်
#ဖိုက်တာဂျက်ပိုင်းလော့
#ထိုင်းမိဖုရား
#ဆုသီတာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now