နေ့စဥ်သတင်း

ကလော ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို စစ်မှုထမ်းကြေး လစဉ်ငွေကောက်စားသည့် ကိစ္စ စစ်ဆေးခဲ့သော်လည်း အရေးမယူ

မဲခေါင် 20 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြကာ လစဉ်စစ်မှုထမ်းကြေး ငွေကောက်စားနေသည်ကို ကလောမြို့နယ်ရုံးတွင် ခေါ်ယူစစ်ဆေးသော်လည်း အရေးယူခြင်း မရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး၊ စာရေး ဟန်မျိုးဝေ၊ ဇောတိကျေးရွာတာဝန်ခံ ဦးမြင့်စိုးတို့သည် စစ်မှုထမ်းကြေးနှင့်မြေယာရောင်းဝယ်ရေးများတွင် ငွေကြေးကောက်စားသဖြင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ကလောမြို့နယ်ရုံး၌ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ “ပြီးခဲ့တဲ့လက ကလောထွေအုပ်ရုံးမှာ သူတို့ကို ခေါ်စစ်တယ်။ သတင်းတွေ တအားထွက်လို့ ဟန်ပြခေါ်စစ်တာလောက်နဲ့ပဲ ပြီးသွားတာ။ ဘာမှ အရေးယူခံရတာမရှိဘူး။ အခုလည်း ပြန်ကောက်စားနေတာပဲ၊ ဘာမှမထူးလာဘူးရှင့်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးခင်စိုးအဖွဲ့သည် ရေချိုကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းကြေးဟုဆိုကာ

မဲခေါင်၊ ဩဂုတ် ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြကာ လစဉ်စစ်မှုထမ်းကြေး ငွေကောက်စားနေသည်ကို ကလောမြို့နယ်ရုံးတွင် ခေါ်ယူစစ်ဆေးသော်လည်း အရေးယူခြင်း မရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး၊ စာရေး ဟန်မျိုးဝေ၊ ဇောတိကျေးရွာတာဝန်ခံ ဦးမြင့်စိုးတို့သည် စစ်မှုထမ်းကြေးနှင့်မြေယာရောင်းဝယ်ရေးများတွင် ငွေကြေးကောက်စားသဖြင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ကလောမြို့နယ်ရုံး၌ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ပြီးခဲ့တဲ့လက ကလောထွေအုပ်ရုံးမှာ သူတို့ကို ခေါ်စစ်တယ်။ သတင်းတွေ တအားထွက်လို့ ဟန်ပြခေါ်စစ်တာလောက်နဲ့ပဲ ပြီးသွားတာ။ ဘာမှ အရေးယူခံရတာမရှိဘူး။ အခုလည်း ပြန်ကောက်စားနေတာပဲ၊ ဘာမှမထူးလာဘူးရှင့်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးခင်စိုးအဖွဲ့သည် ရေချိုကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်ငါးသောင်းကျပ်ထက်မနည်းကို လတိုင်းကောက်စားနေသည့်အပြင် စစ်မှုထမ်းမလိုက်ချင်သူများကိုလည်း အုပ်ချုပ်ရေးမှူးက ငွေကြေးသိန်း ၁၈၀ တောင်းစားနေခြင်းဖြစ်သည်။

ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲသည်ဟု သတင်းထွက်သည့်သူများကိုလည်း ဖမ်းဆီးကာ ငွေကြေးတောင်းစားနေပြီး ငွေမပေးနိုင်ပါက စစ်မှုထမ်းသွားပါမည်ဟု ကတိကဝတ် ထိုးခိုင်းကာ စစ်မှုထမ်းသွားခိုင်းသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

“ဦးခင်စိုးရဲ့ သားဆို ဆေးနဲ့ ၂ ခါမိတာ အချုပ်လည်းမကျ စစ်မှုထမ်းလည်းမသွားရဘူး။ တခြား ဆေးမိတဲ့သူတွေဆို ငွေတောင်းတယ်။ ငွေမပေးနိုင်ရန် လက်မှတ်ထိုးခိုင်းပြီး စစ်မှုထမ်းသွားခိုင်းတယ်။ အဲ့ဒီစစ်မှုထမ်းရတဲ့သူတွေကို အသုံးချပြီးတော့လည်း သူကငွေပြန်ကောက်စားတယ်” ဟု ဒေသံတစ်ဦးကပြောသည်။

ကလောမြို့နယ် ရေချိုကျေးရွာအုပ်စုသည် အိမ်ခြေတစ်ထောင်ကျော်ရှိသဖြင့် အုပ်ချုပ်ရေးမှူး ကောက်ခံသည့်ငွေသည် လစဉ် ကျပ်သိန်း ၄၀၀ ကျော်ရှိသည်ဟုလည်း ဒေသခံများကပြောသည်။

ထို့အပြင် ကျေးရွာအုပ်စုအတွင်း မြေယာအရောင်းအဝယ် လုပ်ပါကလည်း အုပ်ချုပ်ရေးမှူး ဦးခင်စိုးကိုသာမက ကျေးရွာတာဝန်ခံဆိုသည့် ဦးမြင့်စိုးဆိုသူကိုလည်း လက်မှတ်ထိုးကြေး ၃ သိန်းပေးရသည်ဟု ဒေသခံများကပြောသည်။

“အရင်ရက် သတင်းထဲပါတဲ့ ငွေပေးရတာကလည်း အမှန်ပဲ။ အုပ်ချုပ်ရေးမကဘူး ဇောတိကျေးရာခွဲ တာဝန်ခံလို့ပြောတဲ့ ဦးမြင့်စိုးအဖွဲ့ကိုလည်း လက်မှတ်ထိုးကြေး သုံးသိန်းပေးရတယ်။ ”ဟု ဇောတိဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ ရှမ်းပြည်နယ် အစိုးရကမူ ကျေးရွာအုပ်ချုပ်ရေးမှူးများ ငွေတောင်းစားပါက အရေးယူမည်ဟု လွှတ်တော်တွင် လာရောက်ဖြေဆိုထားသည်။

ကလောမြို့နယ် ရေချိုကျေးရွာအုပ်စုတွင် ဇောတိကျေးရွာ၊ တံတားဦးကျေးရွာ၊ လွယ်မယ်ရွာ၊ ရေချိုရွာ၊ လွယ်ဟပ်ရွာ၊ ထင်းရှူးကုန်းရွာ၊ ကျောက်စုရွာ၊ နတ်တော်ရွာစသည့် ကျေးရွာများပါဝင်သည်။

#MeKongNews
#ကလော
#ရှမ်းတောင်
#အုပ်ချုပ်ရေးမှူး
#စစ်မှုထမ်း
#လစဥ်ကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now