ကမ္ဘာ့သတင်း

ဒိုင်နှင့် ဖီဖာ ဘက်လိုက်မှုကြောင့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားမှ ထုတ်ရန် လက်မှတ်ထိုး တောင်းဆိုသူ ၆ သန်းကျော်လာ

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိုင်လူကြီးများနှင့် ဖီဖာတို့ဘက်မှ ဘက်လိုက်မျက်နှာသာပေးမှုများ ရရှိခဲ့သည့် အာဂျင်တီးနားဘောလုံးအသင်းကို ပြိုင်ပွဲ၌ ဆက်ပြိုင်ခွင့် မပေးတော့ရန် ဆန္ဒကောက်ခံမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ လက်မှတ်ထိုး တောင်းဆိုသူပေါင်း ၆ သန်းကျော်သွားခဲ့ပြီဟု South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းလက်မှတ်ရေးထိုး ဆန္ဒကောက်ခံမှုကို ဦးဆောင်သူများက ဒိုင်လူကြီးများနှင့် ဖီဖာတို့သည် မက်ဆီနှင့် လက်ရှိချန်ပီယံ အာဂျင်တီးနားတို့အား ပြိုင်ပွဲမှ မထွက်သွားရစေရန် ဘက်လိုက်ဆွဲခေါ်မှု အမျိုးမျိုး လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ချန်ပီယံ မည်သည့်အသင်း ဖြစ်မည်ကို ကြိုတင်ဆုံးဖြတ်ပေးထားပါလျှင် အခြား ပြိုင်ပွဲဝင်အသင်းများအား မည်သည့်အတွက်ကြောင့် လာရောက်ယှဉ်ပြိုင်စေသနည်းဟု ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ဝေဖန်ခဲ့သည်။ ၁၆ သင်း

မဲခေါင်၊ ဇူလိုင် ၁၅

လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိုင်လူကြီးများနှင့် ဖီဖာတို့ဘက်မှ ဘက်လိုက်မျက်နှာသာပေးမှုများ ရရှိခဲ့သည့် အာဂျင်တီးနားဘောလုံးအသင်းကို ပြိုင်ပွဲ၌ ဆက်ပြိုင်ခွင့် မပေးတော့ရန် ဆန္ဒကောက်ခံမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ လက်မှတ်ထိုး တောင်းဆိုသူပေါင်း ၆ သန်းကျော်သွားခဲ့ပြီဟု South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းလက်မှတ်ရေးထိုး ဆန္ဒကောက်ခံမှုကို ဦးဆောင်သူများက ဒိုင်လူကြီးများနှင့် ဖီဖာတို့သည် မက်ဆီနှင့် လက်ရှိချန်ပီယံ အာဂျင်တီးနားတို့အား ပြိုင်ပွဲမှ မထွက်သွားရစေရန် ဘက်လိုက်ဆွဲခေါ်မှု အမျိုးမျိုး လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ချန်ပီယံ မည်သည့်အသင်း ဖြစ်မည်ကို ကြိုတင်ဆုံးဖြတ်ပေးထားပါလျှင် အခြား ပြိုင်ပွဲဝင်အသင်းများအား မည်သည့်အတွက်ကြောင့် လာရောက်ယှဉ်ပြိုင်စေသနည်းဟု ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ဝေဖန်ခဲ့သည်။

၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် အီဂျစ်အသင်းနှင့် ရင်ဆိုင်ရာ ပွဲချိန်အစောပိုင်း မက်ဆီ ပင်နယ်တီမဝင်သလို ၂ -၀ ရလဒ်ဖြင့် ရှုံးနေခဲ့ပြီးမှ ၁၃ မိနစ်အတွင်း ၃ ဂိုးပြန်သွင်းပြီး အာဂျင်တီးနား အနိုင်ရသွားမှု၌ အငြင်းပွားစရာများစွာ ရှိခဲ့သည်။

အီဂျစ်အသင်း ရရှိသည့်တစ်ဂိုးကို VAR ကြည့်ကာ ပြန်လည် ပြင်ဆင်ဆုံးဖြတ်ရာတွင် ဂိုးမသွင်းမီ အစောပိုင်းကတည်းက ပြစ်ဒဏ်တစ်ခု ရှိခဲ့သည်ဆိုကာ ဂိုးကိုပယ်ဖျက်ခဲ့သည်။

အာဂျင်တီးနားရရှိသော နောက်ကျအနိုင်ဂိုးတွင်လည်း အီဂျစ်ကစားသမား မိုဆာလက်ချ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှု ရှိသော်လည်း ထိုအခြေအနေတွင်မူ ဂိုးခွင့်ပြုခဲ့သဖြင့် အီဂျစ်နည်းပြ ဟော့ဆန်ဟက်ဆန်က မက်ဆီကို ဖီဖာက ပြိုင်ပွဲမှ မထွက်စေချင်ခဲ့ဟု ဝေဖန်ခဲ့သည်။

ဖီဖာသည် သန့်ရှင်းမျှတခြင်းကို မြှင့်တင်လှုံ့ဆော်နေခဲ့သော်လည်း ကွင်းအတွင်း မျှတမှုတစ်ခုမှ မတွေ့ခဲ့ရဟု ဟက်ဆန်က ဝေဖန်ခဲ့သည်။

ထိုဝေဖန်မှုများကို အာဂျင်တီးနားနည်းပြ စကာလိုနီကမူ ငြင်းပယ်သွားခဲ့ပြီး VAR စနစ်အသုံးပြုသော ယနေ့ခေတ်တွင် မျက်နှာသာပေး ဘက်လိုက်ခြင်းမျိုး မရှိနိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

ကိုကလင်း
Ref:Thaibpsworld
#MeKongNews
#ဖီဖာ
#ဘက်လိုက်မှု
#အာဂျင်တီးနား
#ကမ္ဘာ့ဖလား
#လက်မှတ်ထိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now