မဲခေါင်၊ ဇူလိုင် ၁၄
အီရန်ဘက်မှ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပင်လိုက်ပြီးနောက် ၃ ရက်ဆက် အပြန်အလှန် တိုက်ခိုက်မှုများအပြီး ရေလက်ကြား မပိတ်ကြောင်းနှင့် အမေရိကန်သည် ရေလက်ကြား အုပ်ထိန်းသူဖြစ်ကာ ဖြတ်သမျှ သင်္ဘောတိုင်း တင်ဆောင်ကုန်ပစ္စည်း တန်ကြေး ၏ ၂၀ ရာခိုင်နှုန်းကို ချက်ချင်းကောက်ခံမှု စတင်တော့မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
အီရန်ဘက်မှ ရေလက်ကြား ကိုပိတ်ဆို့ကာ သင်္ဘောများကို စတင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြန်ဖြစ်ရာမှ ကမ္ဘာ့ရေနံစျေးနှုန်းများ ချက်ချင်း ပြန်လည် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
စစ်ပြီးဆုံးရေးနှင့် အီရန်ကို စားပွဲဝိုင်းပေါ် ပြန်တက်လာပြီး ဆွေးနွေးစေရန် အီရန်အပေါ်ပိတ်ဆို့မှု (THE IRANIAN BLOCKADE) ဆိုသည့် အစီအစဉ်အား ပြန်လည် အသက်သွင်းလိုက်ပြီ ဖြစ်ကြောင်း၊ ယင်းအခေါ်အဝေါ်သည် ဟော်မုဇ်ရေလက်ကြားတွင် အီရန်သင်္ဘောများနှင ့်၎င်းတို့ ဖောက်သည်သင်္ဘောများ ဖြတ်သန်းခြင်းကို ပိတ်ဆိုခြင်းဟု ဆိုလိုကြောင်း၊ အခြားနိုင်ငံများအားလုံးမှ သင်္ဘောအားလုံးမှာမူ ရေလက်ကြားကို မျှတစွာ၊ ပွင်းလင်းစွာ ဖြတ်သန်းစေနိုင်မည်ကို ရည်စူးကြောင်း၊ မျှတမှုရှိစေရေးအတွက် ကုန်တင်သင်္ဘောအားလုံးထံမှ ၂၀ ရာခိုင်နှုန်းကို ကောက်ခံသွားမည်ဖြစ်ကာ အလွန်ရှုပ်ထွေးသည့် ရေလက်ကြားအတွင်း လုံခြုံရေးအစီအမံများအတွက် လိုအပ်မည့် ကုန်ကျစရိတ်ကို ကာမိစေရန် ကောက်ခံမှုဖြစ်သည်ဟု ထရမ့်ကကြေညာကာ ချက်ချင်း သက်ရောက်မှု ရှိမည်ဟုပါ ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် သင်္ဘောများပေါ်ပါသည့် ကုန်ပစ္စည်းတန်ကြေး၏ ၂၀ ရာခိုင်နှုန်းအတိအကျကို အမေရိကန်မည်သို့ ကောက်ခံမည်၊ သင်္ဘောများလုံ ခြုံရေးအတွက် မည်သို့ ကာကွယ်ပေးသွားမည် ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရှိရပေ။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဟော်မုဇ်
#သင်္ဘော
#အခွန်ကောက်
#ထရမ့်








