နေ့စဥ်သတင်း

ရှမ်းတောင်တွင် နာနတ်သီး အထွက်နည်းသဖြင့် ဈေးကောင်းရနေ

မဲခေါင် 7 Jul - 2026
မဲခေါင်၊ ဇူလိုင် ၇ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ဒေသရှိ တောင်သူများက ယခုနှစ်တွင် နာနတ်သီးအထွက်နှုန်းမှာ ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း ဈေးကွက်လိုအပ်ချက်ကြောင့် ဈေးနှုန်းမြင့်တက်လာပြီး ဈေးကောင်းရရှိနေကြောင်း မဲခေါင်သို့ ပြောကြားသည်။ တောင်သူများ၏ ပြောကြားချက်အရ လက်ရှိတွင် နာနတ်သီးများကို အဝယ်ဒိုင်ပွဲစားများက ကျေးရွာအထိ လာရောက်ဝယ်ယူနေပြီး ဒေသတွင်းဈေးများတွင်လည်း ရောင်းချနိုင်သဖြင့် ဈေးကွက်အခြေအနေမှာ ယခင်နှစ်ထက် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ ယခုနှစ် နာနတ်သီးအထွက်နှုန်းမှာ ရာသီဥတုနှင့် စိုက်ပျိုးမှုအခြေအနေများကြောင့် ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း စိုက်ပျိုးပြုစုမှု ကောင်းမွန်သည့်ခြံများတွင် အသီးအရွယ်အစားကြီးမားပြီး အရသာချိုမြိန်ကာ ဈေးကွက်ဝင်အရည်အသွေး ရရှိနေကြောင်း တောင်သူများက ဆိုသည်။ “မနှစ်က နာနတ်သီးတစ်လုံးကို ကျပ် ၁,၃၀၀ ကနေ ၁,၅၀၀ လောက်ပဲ

မဲခေါင်၊ ဇူလိုင် ၇

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ဒေသရှိ တောင်သူများက ယခုနှစ်တွင် နာနတ်သီးအထွက်နှုန်းမှာ ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း ဈေးကွက်လိုအပ်ချက်ကြောင့် ဈေးနှုန်းမြင့်တက်လာပြီး ဈေးကောင်းရရှိနေကြောင်း မဲခေါင်သို့ ပြောကြားသည်။

တောင်သူများ၏ ပြောကြားချက်အရ လက်ရှိတွင် နာနတ်သီးများကို အဝယ်ဒိုင်ပွဲစားများက ကျေးရွာအထိ လာရောက်ဝယ်ယူနေပြီး ဒေသတွင်းဈေးများတွင်လည်း ရောင်းချနိုင်သဖြင့် ဈေးကွက်အခြေအနေမှာ ယခင်နှစ်ထက် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

ယခုနှစ် နာနတ်သီးအထွက်နှုန်းမှာ ရာသီဥတုနှင့် စိုက်ပျိုးမှုအခြေအနေများကြောင့် ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း စိုက်ပျိုးပြုစုမှု ကောင်းမွန်သည့်ခြံများတွင် အသီးအရွယ်အစားကြီးမားပြီး အရသာချိုမြိန်ကာ ဈေးကွက်ဝင်အရည်အသွေး ရရှိနေကြောင်း တောင်သူများက ဆိုသည်။

“မနှစ်က နာနတ်သီးတစ်လုံးကို ကျပ် ၁,၃၀၀ ကနေ ၁,၅၀၀ လောက်ပဲ ရခဲ့ပေမယ့် အခုတော့ ကျပ် ၂,၀၀၀ ကနေ ၂,၃၀၀ အထိ ရောင်းချနိုင်နေပါတယ်။ အထွက်နည်းတာကြောင့် ဈေးကောင်းရနေတာပါ” ဟု ဒေသခံစိုက်ပျိုးတောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

နာနတ်သီးသည် တစ်နှစ်လျှင် မိုးရာသီနှင့် နွေရာသီဟူ၍ နှစ်ကြိမ်ထွက်ရှိလေ့ရှိပြီး နွေရာသီတွင် အထွက်များပါက မိုးရာသီတွင် အထွက်နည်းတတ်ကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ခန့်အထိ အထွက်ကောင်းမွန်သော်လည်း သက်တမ်းရင့်လာသည်နှင့်အမျှ အထွက်နှုန်း လျော့နည်းလာကြောင်း သိရသည်။

လက်ရှိထွက်ရှိသည့် နာနတ်သီးများကို ပြည်တွင်းဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေပြီး ရန်ကုန်မြို့သို့ အဝယ်ဒိုင်ပွဲစားများမှ တင်ပို့ရောင်းချသည့်အပြင် တောင်ကြီးမြို့နှင့် ဒေသတွင်းဈေးဆိုင်များတွင်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

တောင်သူများက သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်နေသော်လည်း လက်ရှိဈေးနှုန်းဖြင့် တွက်ခြေကိုက်နေကြောင်း၊ သို့သော် အခြားဒေသများတွင် နာနတ်သီးအထွက် များလာပါက ဈေးနှုန်းကျဆင်းနိုင်သဖြင့် ဈေးကွက်တည်ငြိမ်မှုကို မျှော်လင့်ထားကြောင်း ပြောသည်။

ထို့ပြင် နာနတ်သီးအထွက်များသည့် ကာလများတွင် အသီးသေးငယ်ခြင်း၊ နေပူဒဏ်ကြောင့် ပုပ်ပွခြင်းများကြောင့် ရောင်းချရန် အခက်အခဲများ ကြုံတွေ့ရသဖြင့် ယို၊ ဖျော်ရည်နှင့် အခြားတန်ဖိုးမြှင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် အိမ်တွင်းမှုလုပ်ငန်းဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးစေလိုကြောင်း တောင်သူများက တိုက်တွန်းခဲ့သည်။

ထို့ပြင် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကုန်သည်ပွဲစားများ ပိုမိုဝင်ရောက်လာရန် လိုအပ်နေပြီး စားသုံးသူနှင့် စိုက်ပျိုးသူ နှစ်ဖက်စလုံးအတွက် မျှတ၍ တည်ငြိမ်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်စေရန် လိုအပ်ကြောင်း ဒေသခံတောင်သူများက ပြောကြားခဲ့သည်။

#MeKongNews
#ရှမ်းတောင်
#နာနတ်သီး
#အထွက်နည်း
#ဈေးကောင်းရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now