နေ့စဥ်သတင်း

တာချီလိတ်သို့ ခိုးဝင်သည့် တရုတ်များထံမှ လာဘ်ငွေယူကာ ခွင့်ပြုသည့် ရဲအုပ်စိန်ပိုနှင့် အခြား ၂ ဦး ချင်းနှင့် ကယားသို့ ပြောင်းရွှေ့ရ

မဲခေါင် 4 Jul - 2026
မဲခေါင်၊ ဇူလိုင် ၄ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရန် လာအိုဘက်မှ တာချီလိတ်ဘက်သို့ ခိုးဝင်လာသည့် တရုတ်များထံမှ လာဘ်ငွေရယူကာ ခွင့်ပြုခဲ့သည့် ကိစ္စဖြင့် တာချီလိတ်မြို့နယ်အတွင်းတာဝန်ကျသည့် ရဲအချို့ကို ချင်းပြည်နယ်နှင့် ကယားပြည်နယ်(ကရင်နီ) သို့ ပြောင်းရွှေ့လိုက်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ဇွန်လ တတိယပတ်အတွင်းက တာချီလိတ်သို့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသားများပါသည့် ကားကို ဝှေလေလန်ရှောင်ကွင်းလမ်းတွင် ဖမ်းမိရာမှတဆင့် ယင်းတရုတ်များကို လူပို့ပေးနေသူတစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးမှ ပြောသည်။ “တရုတ်တွေကို မိတော့ သူတို့ကို တောက်လျောက်သယ်ပေးနေတာ အောင်ကျော်စန်းဆိုတဲ့တစ်ယောက်ကို ဖမ်းမိတယ်။ အဲဒီကနေ စစ်တော့ ဘယ်သူတွေကို ပိုက်ဆံပေးရတယ်ဆိုတာ ပေါ်တာပေါ့” ဟု ၎င်းက ပြောသည်။

မဲခေါင်၊ ဇူလိုင် ၄

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရန် လာအိုဘက်မှ တာချီလိတ်ဘက်သို့ ခိုးဝင်လာသည့် တရုတ်များထံမှ လာဘ်ငွေရယူကာ ခွင့်ပြုခဲ့သည့် ကိစ္စဖြင့် တာချီလိတ်မြို့နယ်အတွင်းတာဝန်ကျသည့် ရဲအချို့ကို ချင်းပြည်နယ်နှင့် ကယားပြည်နယ်(ကရင်နီ) သို့ ပြောင်းရွှေ့လိုက်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ တတိယပတ်အတွင်းက တာချီလိတ်သို့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသားများပါသည့် ကားကို ဝှေလေလန်ရှောင်ကွင်းလမ်းတွင် ဖမ်းမိရာမှတဆင့် ယင်းတရုတ်များကို လူပို့ပေးနေသူတစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးမှ ပြောသည်။

“တရုတ်တွေကို မိတော့ သူတို့ကို တောက်လျောက်သယ်ပေးနေတာ အောင်ကျော်စန်းဆိုတဲ့တစ်ယောက်ကို ဖမ်းမိတယ်။ အဲဒီကနေ စစ်တော့ ဘယ်သူတွေကို ပိုက်ဆံပေးရတယ်ဆိုတာ ပေါ်တာပေါ့” ဟု ၎င်းက ပြောသည်။

ယင်းသို့ စစ်ဆေးပြီးနောက် တရုတ်များကို ပိုက်ဆံယူကာ ခွင့်ပြုသည့် တာလေစခန်းမှူး ရဲအုပ်စိန်ပိုကို ချင်းပြည်နယ်နှင့် အခြား ၂ ဦးတို့ကို ကယားပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများသည် တာချီလိတ်မြို့နယ်နှင့် လာအိုနိုင်ငံကို ကူးသန်းကာ ချောင်သည့်ဘက်တွင် အခြေချလုပ်ကိုင်ကြောင်း၊ တစ်နေရာတွင် အဖမ်းအဆီးများပါက အခြားတစ်နေရာသို့ ပြောင်းရွှေ့လုပ်ကိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#တာချီလိတ်
#ရဲတပ်ဖွဲ့
#တရုတ်နိုင်ငံသား
#လာဘ်စား
#ကျားဖြန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now