နေ့စဥ်သတင်း

မူးယစ်ဆေး ဖြတ်ပေးမည်ဟုဆိုကာ ဒေသခံများကို ဖမ်းပြီး တပ်သားသစ်အဖြစ် ကိုးကန့်တပ်ဖွဲ့ အဓမ္မစုဆောင်း

မဲခေါင် 29 Jun - 2026
မဲခေါင်၊ ဇွန် ၂၉ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြတ်ပေးမည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၄ ဦးသည် ကိုးကန့်တပ်ဖွဲ့ – MNDAA ၏ တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံလိုက်ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှ ဒေသခံ ၄ ဦးကို မူးယစ်ဆေးဖြတ်ပေးမည်ဟုဆိုကာ ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သော်လည်း လက်ရှိတွင်မူ တပ်သားသစ်အဖြစ် စုဆောင်းခံရကာ ကိုးကန့်တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်နေရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “အခုက လားရှိုးမြို့ကို ဝိုင်းရံထားတဲ့ ဂိတ်တွေမှာပဲ ဂိတ်ပြန်စောင့်ခိုင်းနေတာကို တွေ့ရတာပေါ့နော်။ ကိုးကန့်ယူနီဖောင်းနဲ့ သေနတ်နဲ့ ဖြစ်နေပြီ။ လာဖမ်းတုန်းက မူးယစ်ဆေး ဖြတ်ပေးပြီးရင် ပြန်ပို့ပေးမယ်ဆိုလို့

မဲခေါင်၊ ဇွန် ၂၉

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြတ်ပေးမည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၄ ဦးသည် ကိုးကန့်တပ်ဖွဲ့ – MNDAA ၏ တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံလိုက်ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှ ဒေသခံ ၄ ဦးကို မူးယစ်ဆေးဖြတ်ပေးမည်ဟုဆိုကာ ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သော်လည်း လက်ရှိတွင်မူ တပ်သားသစ်အဖြစ် စုဆောင်းခံရကာ ကိုးကန့်တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်နေရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“အခုက လားရှိုးမြို့ကို ဝိုင်းရံထားတဲ့ ဂိတ်တွေမှာပဲ ဂိတ်ပြန်စောင့်ခိုင်းနေတာကို တွေ့ရတာပေါ့နော်။ ကိုးကန့်ယူနီဖောင်းနဲ့ သေနတ်နဲ့ ဖြစ်နေပြီ။ လာဖမ်းတုန်းက မူးယစ်ဆေး ဖြတ်ပေးပြီးရင် ပြန်ပို့ပေးမယ်ဆိုလို့ မိဘတွေလည်း ယုံပြီး ထည့်ပေးလိုက်တာ အခုက ကိုးကန့်စစ်သား ဖြစ်သွားတယ်ပေါ့နော်”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းအီနိုင်းဒေသခံ ၄ ဦးကို MNDAA က ပြီးခဲ့သည့် မတ်လတွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးချိန်တွင် မူးယစ်ဆေးဖြတ်ပေးပြီး ပြန်လွတ်ပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ၎င်းဒေသခံ ၄ ဦးသည် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ ကိုးကန့်တပ်၏ အဓမ္မတပ်သားသစ်စုဆောင်းခြင်းကို ခံရကာ လားရှိုးကို ဝိုင်းရံထားသည့် ခေးနင်း၊ အီနိုင်း၊ နမ့်ပေါင်တို့တွင် ဂိတ်စောင့်နေရသည်ကို ဒေသခံများက ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

”အပြောနဲ့အလုပ် မညီဘူးပေါ့ဗျာ။ ဒီလိုလုပ်နေတာကလည်း ပြည်သူလူထုရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်လို့ မြင်တယ်ပေါ့ဗျာ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

MNDAA သည် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်တွင်လည်း လားရှိုးမြို့နယ်၊ အီနိုင်း၊ ဆယ်မိုင်ကုန်း၊ တောင်တလောင်ဒေသတွင် ဒေသခံများနှင့် ခရီးသွားလူငယ်များ ၇၀ ကျော်ကို ရှောင်တခင်စစ်ဆေးကာ ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူများကို MNDAA က စစ်မှုထမ်းခိုင်းရန် သိန္နီသို့ နေ့ချင်း ခေါ်ဆောင်သွားခဲ့ပြီး အချို့ကိုသာ ပြန်လည်လွှတ်ပေးခဲ့ကာ အများစုမှာ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်း ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေပြီး သားသမီး ထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများလည်း ပြုလုပ်နေသည်။

#MeKongNews
#မူးယစ်ဆေး
#ဒေသခံများ
#တပ်သားသစ်
#ကိုးကန့်တပ်ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now