နိုင်ငံတကာသတင်း

ဘန်ကောက်တွင် မိုးသက်လေပြင်းကြောင့် ဓာတ်တိုင် ၄၀ ခန့် လဲပြို၊ လျှပ်စစ်မီးနှင့် အင်တာနက် ပြတ်တောက်နေ

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဗန်းခရိုင်အတွင်းရှိ ချာလောင်ကရွန်လမ်းပေါ်တွင် ယနေ့ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၄၀ ခန့် လဲပြိုခဲ့ပြီး၊ ယင်းဒေသတစ်ခုလုံးတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ညနေ ၅ နာရီခွဲဝန်းကျင်တွင် ယင်းဖြစ်ပွားခဲ့ပြီး ချာလောင်ကရွန်လမ်းပေါ်ရှိ လမ်းသွယ် ၃၁ နှင့် ၅၇ အကြား ၂ ကီလိုမီတာခန့် ရှည်လျားသော လမ်းပိုင်းကို ထိခိုက်ခဲ့ကြောင်း လတ်ကရာဗန်းခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည်။ ဓာတ်တိုင်များသည် လမ်း၏ဝဲယာနှစ်ဖက်စလုံးတွင် လဲပြိုကျခဲ့သဖြင့် လမ်းကြောင်းတစ်ခုလုံး လုံးဝဖြတ်သန်း၍ မရအောင် ပိတ်ဆို့သွားခဲ့သည်။ ဒေသခံမျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပြင်းထန်သော လေဆင်နှာမောင်းသဏ္ဌာန် လေဝဲကြီးတစ်ခု ထိုဧရိယာအတွင်း

မဲခေါင်၊ ဇွန် ၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဗန်းခရိုင်အတွင်းရှိ ချာလောင်ကရွန်လမ်းပေါ်တွင် ယနေ့ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၄၀ ခန့် လဲပြိုခဲ့ပြီး၊ ယင်းဒေသတစ်ခုလုံးတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ညနေ ၅ နာရီခွဲဝန်းကျင်တွင် ယင်းဖြစ်ပွားခဲ့ပြီး ချာလောင်ကရွန်လမ်းပေါ်ရှိ လမ်းသွယ် ၃၁ နှင့် ၅၇ အကြား ၂ ကီလိုမီတာခန့် ရှည်လျားသော လမ်းပိုင်းကို ထိခိုက်ခဲ့ကြောင်း လတ်ကရာဗန်းခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည်။

ဓာတ်တိုင်များသည် လမ်း၏ဝဲယာနှစ်ဖက်စလုံးတွင် လဲပြိုကျခဲ့သဖြင့် လမ်းကြောင်းတစ်ခုလုံး လုံးဝဖြတ်သန်း၍ မရအောင် ပိတ်ဆို့သွားခဲ့သည်။

ဒေသခံမျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပြင်းထန်သော လေဆင်နှာမောင်းသဏ္ဌာန် လေဝဲကြီးတစ်ခု ထိုဧရိယာအတွင်း ဖြတ်သန်းတိုက်ခတ်သွားပြီး ဓာတ်တိုင်များကို လဲပြိုစေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကိုးကားဖော်ပြသည်။

ထို့ပြင် နေအိမ်အများအပြား အမိုးများလန်ထွက်ပျက်စီးခဲ့ကာ ယာဉ်အစီးရေ ၃၀ ခန့်လည်း ထိခိုက်ပျက်စီးခဲ့ရပြီး၊ အနည်းဆုံး ၂ ဦးမှာ ၎င်းတို့၏ ကားများအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။

မျက်မြင်များ၏ ပြောပြချက်အရ ဆီဒင်အမျိုးအစား ကိုယ်ပိုင်အစီးငယ်တစ်စီးမှာ လဲပြိုကျလာသည့် လျှပ်စစ်ဓာတ်တိုင်ကြောင့် ကားရှေ့ပိုင်း ကြေမွပျက်စီးသွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ကားအတွင်း၌ ပိတ်မိနေခဲ့ကြောင်း သိရသည်။

ရူအမ်ကတညုဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးသမားများနှင့် ဒေသခံပြည်သူများသည် ဖြတ်တောက်ရေးကိရိယာများကို အမြန်ယူဆောင်ကာ သည်းထန်စွာ ရွာသွန်းနေသည့် မိုးထဲရေထဲ၌ အချိန်နှင့်လု၍ သွားရောက်ကူညီခဲ့ကြသည်။

ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားရာနေရာ၌ ဒဏ်ရာရရှိသူ ၃ ဦးကို ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီးနောက် အနီးရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် လူသေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ချက် မရှိသေးပေ။

အိမ်ခြေနှင့် စီးပွားရေးလုပ်ငန်း ရာပေါင်းများစွာတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုဒဏ်ကို ရင်ဆိုင်နေရသဖြင့် မြို့တော်လျှပ်စစ်အာဏာပိုင်အဖွဲ့မှ ဝန်ထမ်းများသည် လဲပြိုကျနေသည့် ဓာတ်တိုင်များနှင့် လျှပ်စစ်ကေဘယ်ကြိုးများကို ဖယ်ရှားကာ လျှပ်စစ်မီး ပြန်လည်ရရှိစေရန် အချိန်လု ကြိုးပမ်းနေကြသည်။

Ref:Bangkok Post
#MeKongNews
#ဘန်ကောက်
#မိုးသက်လေပြင်း
#ဓာတ်တိုင်
#လဲပြို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now