ကမ္ဘာ့သတင်း

အပစ်ရပ် လက်မှတ်ထိုးထားသော်လည်း ဟော်မုဇ်ရေလက်ကြား ဖြတ်လာသည့် ကုန်တင်သင်္ဘောတစ်စီးကို အီရန် ဒရုန်းဖြင့် တိုက်ခိုက်

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ အပစ်အခတ်ရပ်စဲရန် အမေရိကန်နှင့်အီရန်တို့ ပြီးခဲ့သည့်တစ်ပတ်က နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့သော်လည်း ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်လာသည့် စင်ကာပူအလံတင် ကွန်တိန်နာသင်္ဘောကို ရည်ရွယ်ချက်ရှိစွာဖြင့်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ The Wall Street Journal သို့ အမေရိကန် အကြီးတန်းအစိုးရအရာရှိ ၂ ဦးက ယင်းသတင်းကို အတည်ပြုပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကာ လွတ်လပ်သော ရေပိုင်နက် ရေလက်ကြားကို လွတ်လပ်စွာဖြတ်သန်းခွင့်အား အီရန်အနေဖြင့် တားဆီးပိတ်ပင်ခွင့်မရှိဟု အိမ်ဖြူ တော်သတင်းအဖြစ် ဒေါ်နယ်ထရမ့်ကလည်း သတိပေးသွားခဲ့သည်။ စင်ကာပူအလံတင် Ever Lovely ကွန်တိန်နာသင်္ဘောသည် အခြားကုန်သည်သင်္ဘော ၂

မဲခေါင်၊ ဇွန် ၂၆

အပစ်အခတ်ရပ်စဲရန် အမေရိကန်နှင့်အီရန်တို့ ပြီးခဲ့သည့်တစ်ပတ်က နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့သော်လည်း ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်လာသည့် စင်ကာပူအလံတင် ကွန်တိန်နာသင်္ဘောကို ရည်ရွယ်ချက်ရှိစွာဖြင့်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

The Wall Street Journal သို့ အမေရိကန် အကြီးတန်းအစိုးရအရာရှိ ၂ ဦးက ယင်းသတင်းကို အတည်ပြုပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကာ လွတ်လပ်သော ရေပိုင်နက် ရေလက်ကြားကို လွတ်လပ်စွာဖြတ်သန်းခွင့်အား အီရန်အနေဖြင့် တားဆီးပိတ်ပင်ခွင့်မရှိဟု အိမ်ဖြူ တော်သတင်းအဖြစ် ဒေါ်နယ်ထရမ့်ကလည်း သတိပေးသွားခဲ့သည်။

စင်ကာပူအလံတင် Ever Lovely ကွန်တိန်နာသင်္ဘောသည် အခြားကုန်သည်သင်္ဘော ၂ စီးခြံရံကာ ဟော်မုဇ်ရေ လက်ကြားကို ဖြတ်သန်းစဉ် IRGC က တစ်လမ်းမောင်း အသေခံဒရုန်းဖြင့် ကြိုတင်ရေဒီယိုအချက်ပြသတိပေးစနစ်လည်း မထုတ်လွှင့်ဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောအနောက်ဘက် ခြမ်းသို့ တည့်တည့်ထိမှန်ပြီး သင်္ဘော တံတားပျက်စီးခဲ့သော်လည်း မည်သည့် သေကြေဒဏ်ရာရမှုမှ မရှိခဲ့ဟု သိရသည်။

ယင်းနံနက်အစောပိုင်းကတည်းက IRGC သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် သင်္ဘောများသည် အီရန်ဘက်မှ သတ်မှတ်ပေးထားသည့် ဘေးကင်းသော လမ်းကြောင်းမှသာ အခွင့်ရှိမှ ဖြတ်သန်းရမည် ဖြစ်ကြောင်းနှင့် မလိုက်နာပါက တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု ကြေညာခဲ့ပြီး ယခုလို တိုက်ခိုက် သွားခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတကာရေကြောင်းအာဏာပိုင်အဖွဲ့ (IMO) သည် ဟော်မုဇ်ရေလက်ကြားတွင် ရက်ရှည်သောင်တင်နေသည့် ရာချီသော သင်္ဘောများနှင့် ၁၁၀၀၀ ကျော်သော သင်္ဘောသားများကို အိုမန်မှ တစ်ဆင့် ဘေးကင်းရာသို့ ပို့ဆောင်ပေးမည့်အစီအစဉ်ကို ချမှတ်ခဲ့သော်လည်း ဘေးကင်းမှု မရှိသဖြင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုကလင်း
Ref: asiatoday
#MeKongNews
#အပစ်ရပ်
#ဟော်မုဇ်ရေလက်ကြား
#ကုန်တင်သင်္ဘော
#အီရန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now