မဲခေါင်၊ ဇွန် ၁၈
ဟောမုဇ်ရေလက်ကြားတွင် လုပ်ဆောင်ရနိုင်ခြေရှိသော မိုင်းရှင်းလင်းရေးလုပ်ငန်းများ အတွက် ဂျာမနီက ပင်လယ်နီသို့ သင်္ဘော ၂ စီး စေလွှတ်လိုက်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဘောရစ်ပစ်စတိုးရီးယပ်စ်က ယနေ့ ပြောကြားသည်။
“ကျနော်တို့ စကားပြောနေချိန်မှာပဲ ကျွန်တော်တို့ရဲ့ မိုင်းရှင်းသင်္ဘော Fulda နဲ့ ထောက်ပံ့ရေးသင်္ဘော Mosel တို့က စူးအက်စ်တူးမြောင်းကို ဖြတ်ပြီး ပင်လယ်နီဆီကို ဦးတည် ခုတ်မောင်းနေပါတယ်” ဟု နေတိုးကာကွယ်ရေးဝန်ကြီးများအစည်း အဝေးသို့ တက်ရောက်ရန် ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိလာသည့် ပစ်တိုးရီးယပ်စ်က သတင်းထောက်များကို ပြောကြားသည်။
ဟောမုဇ်ရေလက်ကြားမှ မည်သည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင်မဆို ပါဝင်ခြင်းမပြုမီ အီရန်နှင့် အိုမန်နိုင်ငံတို့ထံမှ အတည်ပြုချက် လိုအပ်မည်ဖြစ်ကြောင်းနှင့် ထိုသို့သော မစ်ရှင်များ ဖြစ်ပေါ်တိုးတက်မှုမှာ အီရန်နှင့် အမေရိကန်တို့ကြားမှ ထပ်မံဆွေးနွေးမှုများပေါ်တွင်လည်း မူတည်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောသည်။
အေးကျော်
Ref:Reuters
#MeKongNews
#ဟောမုဇ်
#မိုင်းရှင်း
#သင်္ဘော
#ဂျာမနီ








