မဲခေါင်၊ မေ ၂၆
လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းသည့် Livestream လွှင့်နေမှုများ များပြားလာသဖြင့် ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရန် စီစဉ်နေသလို ထို Live လွှင့်မှုများ အား Like နှင့် Share ပေးသူများပါ ရာဇဝတ်မှုဖြင့် အရေးယူမည်ဟု ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က သတိပေး ထုတ်ပြန်သွားခဲ့သည်။
ထိုင်းနိုင်ငံတွင် ယခုလို လူငယ်များနှင့် အများပြည်သူ ကြည့်ရှုရန် မသင့်တော်သည့် လိင်ပိုင်းဆိုင်ရာ Livestream လွှင့်မူများသည် ကြည့်ရှုသူ သန်းချီရှိသည်အထိ ထူးခြားစွာ ပျံ့နှံ့လာသည့်အတွက် နည်းပညာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးနှင့် ပိုင်းခြားလေ့လာရေးအဖွဲ့သည် အရာရှိများနှင့် အထူးစီမံချက် ချမှတ်ကာ ပို့စ်တင်သူ၏ တည်နေရာ URL ကို ခြေရာခံကာ တရားခံများကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုက်ဘာမှုခင်း စုံစမ်းစစ်ဆေးရေးဗျူရိုမှ ရဲမှူး ချက်ပန်ဒါကန်က မေ ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
ထိုင်း လူမှုကွန်ရက်စနစ်တွင် ဥပဒေနှင့် ညှိစွန်းသည့်ပို့စ်များ ပိတ်ပင်သည့်စနစ် ကျင့်သုံးသော်လည်း မည်သို့ကြောင့် ကြည့်ရှုသူသန်းချီအထိ ပျံ့နှံ့ရခြင်းကို ဖေ့စ်ဘွခ်တ် ပင်မအဖွဲ့အစည်းနှင့် ဆက်သွယ်ပူးပေါင်း အဖြေရှာသွားရမည်ဖြစ်ကာ နိုင်ငံအတွင်းမှ ထို Livestream များလွင့်နေခြင်း ဟုတ်၊ မဟုတ် နေရာအတိအကျ လိုက်ကာ ကျူးလွန်သူကို ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်း သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံ စေမည်ဖြစ်သလို Like နှင့် Share လုပ်သူများကိုပါ တူညီသည့်ပြစ်ဒဏ်မျိုး ချမှတ်သွားနိုင်သည်ဟု ရဲမှူး ချက်ပန်ဒါကန်က ပြောသည်။
ကိုကလင်း
Ref:khaosod
#MeKongNews
#ဖေ့စ်ဘွတ်ခ်
#လိင်ပိုင်းဆိုင်ရာ
#Live
#ရာဇဝတ်
#ထိုင်း








