ကမ္ဘာ့သတင်း

ရုရှားနှင့် စစ်မျက်နှာပြင်သို့ UGVs စက်ရုပ် ၂၅၀၀၀ ပို့ဆောင် တိုက်ခိုက်ရန် ယူကရိန်း အသင့်ဖြစ်

မဲခေါင် 11 May - 2026
မဲခေါင်၊ မေ ၁၁ ရုရှားတပ်များကို အကျအဆုံးများစေပြီး နယ်မြေသစ်များ ထပ်မံ မသိမ်းပိုက်နိုင်ရန် အကောင်းဆုံး ဟန့်တားနေနိုင်သော ယူကရိန်းစစ်တပ်သည် ရှေ့တန်းစစ်မျက်နှာပြင်သို့ လူမဲ့မြေပြင်ယာဉ် (UGVs) ခေါ် စစ်သားစက်ရုပ် ယန္တရား အစီး ၂၅၀၀၀ ပို့ဆောင် တိုက်ခိုက်စေရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်း၏ မဟာဗျူဟာလက်နက်သည် မောင်းသူမဲ့ယာဉ်များဖြစ်ကာ သမ္မတဇီလန်းစကီးက ဧပြီလ တစ်လအတွင်း စစ်ရေးမစ်ရှင်များနှင့် ပြန်လည် အင်အားဖြည့်တင်းခြင်း လုပ်ငန်းစဉ်များတွင် UGVs စက်ရုပ်များ စေလွှတ်နိုင်ခဲ့သည့် အရေအတွက်မှာ အစီးပေါင်း စံချိန်တင် ၁၀၂၈၁ စင်းရှိခဲ့ကာ နိုဝင်ဘာလအတွင်း က ၂၉၀၀ စီးသာ စေလွှတ်နိုင်ခဲ့သဖြင့် များစွာ တိုးတက်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

မဲခေါင်၊ မေ ၁၁

ရုရှားတပ်များကို အကျအဆုံးများစေပြီး နယ်မြေသစ်များ ထပ်မံ မသိမ်းပိုက်နိုင်ရန် အကောင်းဆုံး ဟန့်တားနေနိုင်သော ယူကရိန်းစစ်တပ်သည် ရှေ့တန်းစစ်မျက်နှာပြင်သို့ လူမဲ့မြေပြင်ယာဉ် (UGVs) ခေါ် စစ်သားစက်ရုပ် ယန္တရား အစီး ၂၅၀၀၀ ပို့ဆောင် တိုက်ခိုက်စေရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်း၏ မဟာဗျူဟာလက်နက်သည် မောင်းသူမဲ့ယာဉ်များဖြစ်ကာ သမ္မတဇီလန်းစကီးက ဧပြီလ တစ်လအတွင်း စစ်ရေးမစ်ရှင်များနှင့် ပြန်လည် အင်အားဖြည့်တင်းခြင်း လုပ်ငန်းစဉ်များတွင် UGVs စက်ရုပ်များ စေလွှတ်နိုင်ခဲ့သည့် အရေအတွက်မှာ အစီးပေါင်း စံချိန်တင် ၁၀၂၈၁ စင်းရှိခဲ့ကာ နိုဝင်ဘာလအတွင်း က ၂၉၀၀ စီးသာ စေလွှတ်နိုင်ခဲ့သဖြင့် များစွာ တိုးတက်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ယခုလည်း မိုင်းထောင်ခြင်း၊ ဒဏ်ရာရစစ်သည်များကို ကယ်ထုတ်ခြင်း၊ စစ်ရေးထောက်ပို့လုပ်ငန်းများ လုပ်ဆောင် ခြင်းနှင့် ရန်သူနေရာများကိုပါ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်းရှိသော UGVs အစီးပေါင်း ၂၅၀၀၀ ကို ၂၀၂၆ ပထမနှစ် ဝက်မတိုင်မီ ရှေ့တန်းသို့ ပို့ဆောင်ရန် အသင့်ဖြစ်နေပြီဟု အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးနှင့် တစ်ခုတည်းသော စက်ရုပ်တပ်မဟာကို ထူထောင်ထားနိုင်ပြီး K2 တပ်မဟာသည် ၂၀၁၇ ခုနှစ်တွင် စတင်ကာ စက်ရုပ်စစ်သားယန္တရားများကို စတင်ထုတ်လုပ်ကာ ၂၀၂၅ ခုနှစ် ဆောင်းဦးကာလတွင် အလုံးစုံ စက်ရုပ်ယန္တရားများသာ သီးသန့်ပါဝင်သည့် တပ်မဟာ ဖြစ်လာခဲ့သည်။

စစ်ပွဲကာလများတွင် ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်ရသော ကုန်တင်ကားများစွာမှာ ရုရှားဒရုန်းများကြောင့် ပျက်စီးခြင်းနှင့် ယာဉ်မောင်းများ မလုံမလောက်နှင့် ရှားပါးလာခဲ့ပြီးနောက် ယခုလို စက်ရုပ်ယန္တရားသီးသန့် တပ်မဟာကို ထူထောင်ကာ ဒရုန်းနှင့် UGVs များကို ထုတ်လုပ်၍ ရှေ့တန်းတွင် ထိရောက်စွာအသုံးချနေခဲ့ ခြင်းဖြစ်သည်။

K2 တပ်မဟာသည် Tarhan 200၊ Tarhan 300၊ Rys PRO နှင့် SIM-RACAR-Lambda ဆိုသည့် စက်ရုပ်ယန္တရားများကိုလည်း တီထွင်အသုံးပြုနေကာ မစ်ရှင်တစ်ခုတွင် မိုင် ၃၀ ပတ်လည်အတွင်း ၁၀ နာရီကြာ တာဝန်ထမ်းဆောင်နိုင်သည်။

ထိုစက်ရုပ်ယန္တရားများကို မစ်ရှင်တစ်ခုတွင် လူသားစစ်သည် ၁၀ ဦးကသာ ထိန်းချုပ်ပြီး ၎င်းတို့က ယာဉ်မောင်းများ၊ ဒရုန်းမောင်းနှင်သူများနှင့် မြေပြင်ထောက်ကူရေး ထိန်းချပ်မှုများ လုပ်ဆောင်ပေးရသည်။

ဧပြီလတစ်လအတွင်း K2 တပ်မဟာသည် ထို UGVs ယာဉ်များဖြင့် အန္တရာယ်ဇုန်အတွင်းမှ ယူကရိန်းစစ်သည် ၄၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကာ နိုဝင်လာလနောက်ပိုင်း ရှေ့တန်းအန္တရာယ်ဇုန်တွင် ကျဆုံးခဲ့သည့် စစ်သည် ၈ ဦး၏ ရုပ်အလောင်းများကို ပြန်ရှာဖွေ သယ်ဆောင်နိုင်ခဲ့သည်။

မကြာသေးမီက ဒိုးနက်စ်ဒေသ နိုဗိုစီလစ်ဗ်ကာအနီး တံတားအနီး ရုရှားစစ်သည် ၃ ဦး ချည်းကပ်လာသည်ကို ဒရုန်းမှ မြင်ရပြီးနောက် K2 တပ်မဟာက Ardal စက်ရုပ်စစ်သည်ယန္တရားတစ်စီးကို စေလွှတ်ကာ မိုင်းထောင်ပြီး အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးစလုံးကို ရှင်းလင်းနိုင်ခဲ့သေးသည်။

K2 တပ်မဟာမှ UGVs တပ်မှူးအဖနာဆိဗ်က ၎င်းတို့ တပ်တွင် UGVs များစွာရှိနေကာ အဓိက ရည်ရွယ်ချက်သည် လူသားစစ်သည်များ အသက်အန္တရာယ်ကို မထိခိုက်စေရန် ရည်ရွယ်ကာ အန္တရာယ်ရှိသည့် မစ်ရှင်များတွင် စက်ရုပ်များကို အသုံးပြုခြင်းက အလွန်ထိရောက်သဖြင့် ပျက်စီးမှုများရှိလျှင်လည်း လူသားအသက် ပေးရခြင်းထက် များစွာထိုက်တန်သည်ဟု တယ်လီဂရပ်ဖ်သို့ ပြောခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#စစ်မျက်နှာပြင်
#UGVs
#စက်ရုပ်
#ယူကရိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now