မဲခေါင်၊ ဧပြီ ၃၀
ကဆုန်လပြည့်နေ့အထိမ်းအမှတ် ယနေ့ဧပြီလ ၃၀ ရက်တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံးထောင် (ညောင်ရွှေထောင်)မှ အကျဉ်းသား ၅ ဦးသာရှိပြီး နိုင်ငံရေးအကျဉ်းသားများမပါကြောင်း သိရသည်။
လွတ်လာသူများ၏ ပုဒ်မအတိအကျ နှင့် ကျား/မ အရေအတွက်ကို မသိရသေးသော်လည်း လွတ်ရန် ရက်ပိုင်း၊ လပိုင်းလိုသူများဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းပေးစဉ်က ကဲ့သို့ပင် ခိုးဆိုးမှုများသာဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ဆိုကြသည်။
“နိုင်ကျဉ်းမပါဘူး၊ နိုင်ကျဉ်းတွေ လွတ်မယ်ဆို မနက်ကတည်းက ခန်းမထဲဝင်ပြီး နောက်ခါအပြစ်မကျူးလွန်ဖို့၊ လိမ််လိမ်မာမာနေဖို့ အဲ့တာတွေအကြာကြီး နားထောင်ရတယ်။ အခုက ဂျလုံးပလုံး ၅ ယောက်ထဲဆိုတော့ သူတို့ဟာသူတို့ ပြန်ထွက်လာကြတာ၊ ဘာအမှုတွေမှန်း သေချာမသိဘူး” ဟု တောင်လေးလုံး အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယနေ့ ဧပြီ ၃၀ ရက်တွင် ကျရောက်သော ကဆုန်လပြည့်နေ့ အထိမ်းအမှတ် အနေဖြင့် စစ်ကောင်စီက အကျဥ်းထောင် အချုပ်ထောင်အသီးသီးတွင် အကျဥ်းကျခံနေရသည့် အကျဉ်းသား အကျဥ်းသာသူ ၁၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီ က နံနက်အစောပိုင်းတွင် ထုတ်ပြန်လာသည်။
၎င်းအပြင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရကာ အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား အကျဉ်းသူများအားလုံး ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းလည်း ထုတ်ပြန်လာသည်။
#MeKongNews
#လွတ်ငြိမ်း
#တောင်လေးလုံးထောင်
#ညောင်ရွှေထောင်
#နိုင်ကျဉ်း








