မဲခေါင်၊ ဧပြီ ၂၈
ပူတင်နှင့် အလွန်ရင်းနှီးသော ရုရားဘီလျံနာကြီး အလက်ဇီမော်ဒါရှော့ဗ်၏ ပေါင်သန်း ၃၇၀ တန် စူပါ ဇိမ်ခံရွက်လှေကြီး အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ဧပြီ ၂၆ ရက်ကအတားအဆီးမရှိ ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ ရေနံကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်း မဖြစ်မနေ ဖြတ်သန်းရသော ဟော်မုဇ်ရေလက်ကြားကို အီရန် တော်လှန်ရေးအစောင့်တပ်များက မည်သည့်သင်္ဘောမှ ခွင့်ပြုချက်မရှိဘဲ မဖြတ်ရဟု ပိတ်ပင်ထားသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မည်သည့် အီရန်ဆိပ်ကမ်းကိုမှ သင်္ဘောများ ဆိုက်ကပ်ခြင်း မပြုရ၊ ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်လည်ပိတ်ပင်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက အပြန်အလှန် ပိတ်ဆို့ခဲ့ကြသည်။
သို့သော် ပူတင်နှင့် အလွန်ရင်းနှီးသော Severstal သံမဏိထုတ် ကုမ္ပဏီကြီး၏ ပိုင်ရှင် မော်ဒါရှော့ဗ် ၏ ၁၄၂ မီတာ (၄၆၅ ပေ) ရှည်သည့် Nord ဆိုသည့် ဇိမ်ခံရွက်သင်္ဘောကြီးမှာ ဧပြီ ၂၆ ရက်တွင် မည်သည့် အတားအဆီးမှ မရှိခဲ့ဘဲ ဧပြီ ၂၄ ရက်တွင် ဒူဘိုင်းမှ ထွက်ခွာကာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး ဒမက်စ်ကက်သို့ ဧပြီ ၂၆ ရက်၌ ဆိုက်ကပ်သွားနိုင်ခဲ့သည်။
ဇိမ်ခံအခန်းပေါင်း ၂၀၊ ရေကူးကန်၊ ရဟတ်ယာဉ်ဆင်းကွင်း၊ ရေငုပ်သင်္ဘောငယ်တို့ပါ ပါရှိသည့် Nord ရွက်သင်္ဘောကြီးကို မော်ဒါရှော့ဗ်အမည်ရင်းဖြင့် မှတ်ပုံတင်ထားခြင်း မဟုတ်သော်လည်း ဇနီးသည်၏ Cherepovets မှ မှတ်ပုံတင်ထားသဖြင့် ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် အမေရိကန်နှင့် အီးယူတို့မှ ပိတ်ဆို့အရေးယူခံ စာရင်းထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်နှင့် အမေရိကန် – အစ္စရေးတို့ စစ်ပွဲစတင်ပြီးနောက် ယခင် တစ်နေ့ သင်္ဘောအစီး ၁၄၀ ကျော်ဖြတ်သန်းနေသည့် ဟော်မုဇ်ရေလက်ကြားတွင် ယခုအခြေအနေ၌ တစ်ရက် လက်ချိုးရေရသည့် သင်္ဘောအနည်းငယ်သာ ဖြတ်သန်းခွင့်ရတော့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ပူတင်
#ရုရှားဘီလျံနာ
#ဇိမ်ခံသင်္ဘောကြီး
#ဟော်မုဇ်ရေလက်ကြား








