ကမ္ဘာ့သတင်း

အီရန်သို့ လက်နက်များ ​ပေးပို့ရန် တရုတ် ပြင်ဆင်​နေဟု အမေရိကန် ထောက်လှမ်း​ရေးသတင်းများဆို

မဲခေါင် 11 Apr - 2026
မဲခေါင်၊ ဧပြီ ၁၁ လာမည့် သီတင်းပတ်များတွင် ​လေ​ကြောင်းရန် ကာကွယ်​ရေးစနစ်သစ်များကို အီရန်သို့ ​ပေးပို့ရန် တရုတ်က ပြင်ဆင်​နေ​ကြောင်း အ​မေရိကန်​ ထောက်လှမ်း​ရေးသတင်းများက ပြသ​နေသည်ဟု ​ထောက်လှမ်း​ရေးသတင်း သုံး သပ်မှုများနှင့် အကျွမ်းတဝင်ရှိ​သော သတင်းရင်းမြစ် ၃ ဦးကို ကိုးကား၍ CNN သတင်းက ​ဖော်ပြသည်။ ယခုသီတင်းပတ်​ အစောပိုင်းတွင် ​အ​မေရိကန်နှင့် အီရန်တို့ကြား ရရှိခဲ့​သော ထိရှလွယ်သည့် အပစ်ရပ်စဲမှုကို ၎င်းတို့ ကူညီညှိနှိုင်း​ပေးခဲ့သည်ဟု ​ပေကျင်းက ​ပြောကြားခဲ့သည်ကို ​ထောက်ရှုပါက ယင်းမှာ လှုံ့​ဆော်ရန်စ​သော လုပ်ရပ်ဖြစ်​ကြောင်း သတင်းက ဆိုသည်။ အ​မေရိကန်သမ္မတ ​ဒေါ်နယ်ထရမ့်ကလည်း ​တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ​တွေ့ဆုံ​ဆွေး​နွေးရန် တရုတ်သို့ ​မေလဆန်းတွင် သွား​ရောက်ရန်

မဲခေါင်၊ ဧပြီ ၁၁

လာမည့် သီတင်းပတ်များတွင် ​လေ​ကြောင်းရန် ကာကွယ်​ရေးစနစ်သစ်များကို အီရန်သို့ ​ပေးပို့ရန် တရုတ်က ပြင်ဆင်​နေ​ကြောင်း အ​မေရိကန်​ ထောက်လှမ်း​ရေးသတင်းများက ပြသ​နေသည်ဟု ​ထောက်လှမ်း​ရေးသတင်း သုံး သပ်မှုများနှင့် အကျွမ်းတဝင်ရှိ​သော သတင်းရင်းမြစ် ၃ ဦးကို ကိုးကား၍ CNN သတင်းက ​ဖော်ပြသည်။

ယခုသီတင်းပတ်​ အစောပိုင်းတွင် ​အ​မေရိကန်နှင့် အီရန်တို့ကြား ရရှိခဲ့​သော ထိရှလွယ်သည့် အပစ်ရပ်စဲမှုကို ၎င်းတို့ ကူညီညှိနှိုင်း​ပေးခဲ့သည်ဟု ​ပေကျင်းက ​ပြောကြားခဲ့သည်ကို ​ထောက်ရှုပါက ယင်းမှာ လှုံ့​ဆော်ရန်စ​သော လုပ်ရပ်ဖြစ်​ကြောင်း သတင်းက ဆိုသည်။

အ​မေရိကန်သမ္မတ ​ဒေါ်နယ်ထရမ့်ကလည်း ​တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ​တွေ့ဆုံ​ဆွေး​နွေးရန် တရုတ်သို့ ​မေလဆန်းတွင် သွား​ရောက်ရန် စီစဥ်ထားသည်။

အ​ရေးပါ​သော နိုင်ငံခြားမိတ်ဖက်များ၏ အကူအညီဖြင့် အချို့သော လက်နက်စနစ်များကို ပြန်လည်ဖြည့်တင်းရန် အီရန်က အပစ်ရပ်ကာလကို အသုံးချ​နေသည်ဆိုခြင်းကိုလည်း ​ထောက် လှမ်း​ရေးသတင်းက ပြသ​နေ သည်။

လက်နက်တင်ပို့မှုများ၏ မူလရင်းမြစ်ကို ဖုံးကွယ်ရန် ၎င်းလက်နက်များကို တတိယနိုင်ငံများမှ တစ်ဆင့် တင်ပို့ရန်​ ပေကျင်းက လုပ်​ဆောင်​နေသည့် အရိပ်အ​​ယောင်များ​ တွေ့ရသည်ဟုလည်း သတင်းရင်းမြစ်၂ ဦးက ​ပြောသည်။

ပေကျင်းက အီရန်သို့တင်ပို့ရန် လုပ်​ဆောင်​နေသည့် စနစ်များမှာ MANPADs ဟု သိရှိကြ​သော ပုခုံးထမ်း လေ​ကြောင်းရန် ကာကွယ်​ရေးစနစ်များ ဖြစ်ကာ ယင်းစနစ်များသည် အီရန်နှင့် သီတင်း ၅ ပတ်ကြာ တိုက်ခိုက်မှုများ၌ ခပ်နိမ့်နိမ့်ပျံသန်း​သော အမေရိကန်​လေယာဥ်များအတွက် ခြားနားသော ခြိမ်း​ခြောက်မှုတစ်ရပ် ဖြစ်ကာ အပစ်ရပ် ပြိုလဲခဲ့လျှင်လည်း ထပ်မံ၍ ဒုက္ခ​ပေးနိုင်သည်။

ယင်းပဋိပက္ခတွင် တရုတ်က မည်သည့်ဘက်သို့မျှ လက်နက်များ ​ထောက်ပံ့ခဲ့ခြင်း မရှိ​​ကြာင်းနှင့် သတင်းမှာလည်း မှန်ကန်မှု မရှိ​ကြောင်း၊ အ​ခြေအမြစ်မရှိ​သော စွပ်စွဲမှုများ မလုပ်ရန်အ​မေရိကန်ဘက်ကိုလည်း တိုက်တွန်း​ကြောင်း ဝါရှင်တန်မြို့ တရုတ်သံရုံးမှ ​ပြောခွင့်ရသူက ဆိုသည်။
​
အေး​ကျော်
Ref: CNN
#MeKongNews
#အီရန်
#လက်နက်များ ​
#တရုတ်
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now