မဲခေါင်၊ ဧပြီ ၁၁
ရှမ်းပြည်အရှေ့မြောက်၊ UWSA ထိန်းချုပ်သည့် ပန်ခမ်းမြို့ရှိ တရုတ်နိုင်ငံသားများပိုင် ဟိုတယ်များကို ယနေ့တွင် “ဝ” ဒေသ ရဲနှင့် တပ်ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးရာမှ ကျားဖြန့် ၃၀ ဦးခန့် ဖမ်းဆီးမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
UWSA ထိမ်းချုပ်ဒေသ ပန်ခမ်းနှင့် မိုင်းပေါက်တွင် တရုတ်နိုင်ငံသားပိုင် ဟိုတယ်များဖြစ်သည့် Xingya garden ဟိုတယ် အပါအဝင် Wabang၊ Mengbo ဟောင်ကောင်ဟိုတယ်နှင့် fubon ဟိုတယ်၊ Pearl ဟိုတယ်တို့ကို ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပီး တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင်ဟု သံသယရှိသူ အယောက် ၃၀ ခန့် ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“ဒီဟိိုတယ်တွေက ယခင်ထဲက အခွန်ပေးလုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဟိုတယ်တွေပဲ၊ Wabang ဆိုတာ Wa Bank လို့လည်းပြောကြတယ်။ မနေ့က မဟာမိတ်နယ်မြေ ကျားဖြန့်ရှင်းလင်းရေးဆိုတာ ခုလုပ်တာဖြစ်မယ်”ဟု၎င်းက ပြောသည်။
ယမန်နေ့က UWSA ထိန်းချုပ် ပန်ဆန်းတွင် NDAA မိုင်းလားအဖွဲ့နှင့် MNDAA အဖွဲ့ခေါင်းဆောင်ပိုင်း အချို့တွေ့ဆုံပြီး ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် ထိန်းချုပ်ဒေသအားလုံး ကျားဖြန့်ကင်းစင်ရေး စစ်ဆင်ရေးတစ်ခုအဖြစ် ဖော်ဆောင်ရန် အစည်းအဝေးအရ အကောင်အထည်ဖော်မှု ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ယခု ရှာဖွေဖမ်းဆီးမှု အခြေအနေကို UWSA ကတရားဝင် တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နေ့ ဧပြီ ၁၀ ရက်မှာပင် NDAA ထိန်းချုပ် မိုင်းလားနယ်မြေအတွင်း တရုတ်သို့ ကျားဖြန့်အများအပြား လွှဲပြောင်းခဲ့သေးသည်။
#MeKongNews
#UWSA ထိန်းချုပ်
#ပန်ခမ်း
#မိုင်းပေါက်
#တရုတ်နိုင်ငံသား
#ကျားဖြန့်








