နေ့စဥ်သတင်း

ညောင်ဗက်ရွာခံများကို PNLO တပ်ဖွဲ့ဝင်ဟု PNO စွပ်စွဲမှု မမှန်ကြောင်း PNLA ငြင်းဆို

မဲခေါင် 6 Apr - 2026
မဲခေါင်၊ ဧပြီ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်ရှိ ညောင်ဗက်ကျေးရွာ ဒေသခံများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO တပ်ဖွဲ့ဝင်များဟု PNO လော်ဘီ ပြည်သူ့စစ် ခွန်ဆန်းအောင်၏ ပြောဆိုစွပ်စွဲမှုမှာ မမှန်ကန်ကြောင်း PNLA ပြောခွင့်ရ ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။ ထို့ပြင် ယင်းရွာသားများသည် မဲနယ်တောင်တိုက်ပွဲအတွင်း လက်နက် သယ်ဆောင်ပေးသူများ ဖြစ်ကြောင်း ခွန်ဆန်းအောင်က ပြီးခဲ့သည့် ဧပြီ ၁ ရက်တွင် ပြောဆို စွပ်စွဲခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခု ဖြစ်နေသည့် ညောင်ဗက်ရွာ မြေယာပြဿနာသည် အွန်လိုင်းပေါ်မှ အဖျက်သမားများကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ကျေးရွာအတွင်း PNLO တပ်ဖွဲ့ဝင်

မဲခေါင်၊ ဧပြီ ၆

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်ရှိ ညောင်ဗက်ကျေးရွာ ဒေသခံများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO တပ်ဖွဲ့ဝင်များဟု PNO လော်ဘီ ပြည်သူ့စစ် ခွန်ဆန်းအောင်၏ ပြောဆိုစွပ်စွဲမှုမှာ မမှန်ကန်ကြောင်း PNLA ပြောခွင့်ရ ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။

ထို့ပြင် ယင်းရွာသားများသည် မဲနယ်တောင်တိုက်ပွဲအတွင်း လက်နက် သယ်ဆောင်ပေးသူများ ဖြစ်ကြောင်း ခွန်ဆန်းအောင်က ပြီးခဲ့သည့် ဧပြီ ၁ ရက်တွင် ပြောဆို စွပ်စွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခု ဖြစ်နေသည့် ညောင်ဗက်ရွာ မြေယာပြဿနာသည် အွန်လိုင်းပေါ်မှ အဖျက်သမားများကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ကျေးရွာအတွင်း PNLO တပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦး၏ နေအိမ်ရှိနေသည်ဟု ခွန်ဆန်းအောင်က စွပ်စွဲခဲ့ကြောင်း သိရသည်။

“PNO လော်ဘီတွေရဲ့ သတင်းတု သတင်းအမှားတွေကို ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်။ ပြည်သူ့ရန်သူ အစစ်အမှန် စစ်ကောင်စီဆိုတာ ပြည်သူတွေ မသိစေအောင် လက်အောက်ခံ ပြည်သူ့စစ်အနေနဲ့ သတင်းအမှားတွေနဲ့ ဖုံးကွယ်နေတာပါ။ ပြည်သူ့မြေယာတွေကို အဓမ္မသိမ်းတာက PNO ပြည်သူ့စစ်တွေပါ’ဟု PNLA ပြောရေး ဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြန်လည် ငြင်းဆိုခဲ့သည်။

ညောင်ဗက်ရွာသားများသို့ PNO က ပြန်ချပေးသည့် ပေ ၅၀ ပေ ၂၀ ကို ကျပ်သိန်း ၅၀ ပေးနေရမည် ဖြစ်သလို လယ်ယာများ အသိမ်းခံရသည့်အတွက် တောင်သူများ၏ ဘဝကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းမြေယာနေရာကို မြို့ပြစီမံကိန်းအတွက် အသုံးပြုမည်ဖြစ်ပြီး အစားထိုးမြေများ ပြန်လည်ပေးအပ်မည်ဟု ခွန်ဆန်းအောင်က ပြောဆိုပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကာ ရုပ်သံမှတ်တမ်းများ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

ပြီးခဲ့သည့်မတ် ၃၀ ရက် ညပိုင်းက PNO မြေပွဲစားများဖြစ်သော ဦးခွန်အုန်း၊ ခွန်လကျော်၊ ခွန်မောင်ဟန်၊ ခွန်စင်ခံထွက်ပေ၊ ခွန်မောင်နီနှင့် ခွန်မောင်မြတို့က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်များကို ခေါ်ဆောင်လာကာ ညောင်ဗက်ကျေးရွာမှ ရွာသူကြီး အပါအဝင် ဒေသခံ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် ရွာလုံးကျွတ် ဖျက်သိမ်းရန် လက်မှတ်ထိုးပေးမှသာ ပြန်လွှတ်ပေးမည်ဟု ဖိအားပေးခဲ့သဖြင့် ဒေသခံ ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပေးခဲ့ပြီး ဖြစ်သော်လည်း ဖမ်းဆီးခံထားရသော ရွာသူကြီးအပါအဝင် ၁၀ ဦးကို ယနေ့အချိန်အထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ညောင်ဗက်ကျေးရွာ၏ မြေယာအရေးနှင့် ပတ်သက်၍ ဒေသခံများက အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း စစ်တပ်ဘက်က ယင်းမြေဧရိယာသည် တပ်နှင့် မသက်ဆိုင်တော့ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်မှတဆင့် ဒေသခံများထံ ပြန်လည်ပေးအပ်ရန် ခွန်စံလွင်၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ထံ လွှဲပြောင်းပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်က ၁၉၉၂ ခုနှစ်တွင်ဟိုပုံး – လွိုင်လင် ကားလမ်းမကြီး မြောက်ဘက်ရှိ မြေဧက ၁၄၀၀၀ ကျော်ကို သိမ်းယူခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်မှတဆင့် ဒေသခံများထံ ပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသခံများ လက်ဝယ်အရောက် ပြန်ပေးရန် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ရာ PNO ဥက္ကဌ ခွန်စံလွင် ခေါင်းဆောင်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဒေသခံများကို မြေပြန်မပေးဘဲ မြို့ရပ်ကွက် တိုးချဲ့မည်ဟုဆိုကာ PNO ကို ပြန်ချပေးပြီး မတရား သိမ်းဆည်းခဲ့သည့်မြေ ဖြစ်ကြောင်း သိရသည်။

#MeKongNews
#ညောင်ဗက်
#PNLO
#PNO
#စွပ်စွဲ
#PNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now