မဲခေါင်၊ မတ် ၂၅
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အခွင့်အရေးအားလုံးကို သက်ဆိုင်သူအားလုံးက အမြန်ဆုံး ဖမ်းဆုပ်ကြရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီထံသို့ ဖုန်းခေါ်ဆိုမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တိုက်တွန်း ပြောကြားသည်။
ပြောဆိုဆွေးနွေးခြင်းက တိုက်ခိုက်ခြင်းထက် ပိုကောင်းသည်ဟု ဝမ်ယီက အာရက်ချီကို ပြောကြားခဲ့ကာ မပြေမလည်ဖြစ်နေသော ကိစ္စရပ်အားလုံးကို အင်အားဖြင့် မဟုတ်ဘဲ ပြောဆိုဆွေးနွေးမှု၊ ညှိနှိုင်းမှုများဖြင့် ဖြေရှင်းသင့်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ အစ္စရေးတို့၏ ရန်ပြုမှုကို ရှုတ်ချရာ၌ ခိုင်မာသော ရပ်တည်မှု ရယူခြင်းဖြင့် ကုလလုံခြုံရေးကောင်စီအား အမေရိကန်က တလွဲအသုံးချခြင်းကို လုံခြုံရေးကောင်စီဝင်နိုင်ငံများ အထူးသဖြင့် တရုတ်နှင့် ရုရှားက တားဆီးကာကွယ်သွားမည်ဟု အီရန်က လေးနက်စွာ မျှော်လင့်ကြောင်း အာရက်ချီက ပြန်ကြားခဲ့သည်ဟု အီရန်အစိုးရမီဒီယာက ယနေ့ ဖော်ပြခဲ့သည်။
အေးကျော်
Ref: Reuters
#MeKongNews
#ငြိမ်းချမ်းရေး
#အီရန်
#ဝမ်ယီ
#တိုက်တွန်း








