မဲခေါင်၊ မတ် ၂၄
မတ် ၂၃ ရက်က အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ဟူစတန်မြို့အရှေ့ဘက် မိုင် ၉၀ အကွာရှိ အာသာဆိပ်ကမ်းအနီး ဗယ်လာရို ရေနံချက်စက်ရုံကြီး ပေါက်ကွဲ မှုဖြစ်ပွားသဖြင့် ရေနံအခက်ခဲဆုံး ကာလရောက်နေချိန်တွင် အမေရိကန်အတွက် နစ်နာမှုများ ရှိခဲ့သည်။
ရေနံချက်စက်ရုံကြီး ပေါက်ကွဲမှုကြောင့် မီးလုံးများ၊ မီးခိုးများ ကောင်းကင်အမြင့်သို့ ထိုးတက်နေသဖြင့် အနီးအနားနေသူများ အရေးပေါ် အခြေအနေ မဟုတ်လျှင် အိမ်ပြင်မထွက်ဘဲ ဘေးလွတ်ရာ နေထိုင်ကြရန် လိုအပ်ကြောင်းနှင့် မီးငြိမ်းသတ်နိုင်ရန် မီးသတ်အဖွဲ့က တာဝန်ယူ ဖြေရှင်းသွားမည်ဟု မြို့တော်ဝန်ချာလော့တီ အမ်မော့ဆက်စ်က ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားနေရသလို အနီးအနား နေအိမ်ပြတင်းပေါက်များ တုန်ကာ ကွဲရှမှုများ ရှိခဲ့သော်လည်း သေဆုံးဒဏ်ရာရသည့် သတင်း မတွေရပေ။
ရေနံချက်စက်ရုံကြီးတွင် ဝန်ထမ်း ၇၇၀ လုပ်ကိုင်ပြီး အပူပေးစနစ်မှတစ်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ယူဆထားသည်။
ထိုရေနံချက်စက်ရုံသည် နေ့စဉ် ရေနံစိမ်းစည် ၄၃၅၀၀၀ ကို သန့်စင် ချက်လုပ်ပေးနေသည့် စက်ရုံ ဖြစ်ကြောင်းလည်း သိရသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရေနံစိမ်းစည် ၄
#တက္ကဆက်
#ရေနံချက်စက်ရုံ
#ပေါက်ကွဲ








