ကမ္ဘာ့သတင်း

ဓာတ်အား‌ပေးစက်ရုံများ တိုက်ခိုက်ခံရပါက ဒေသတွင်း စွမ်းအင်စခန်းများကို လက်တုံ့ပြန်မည်ဟု အီရန် သတိပေး

မဲခေါင် 23 Mar - 2026
မဲခေါင်၊ မတ် ၂၃ မဟာဗျူဟာကျသော ဟောမုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးပါက အီရန်၏ ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတစ်ခွင်မှ စွမ်းအင်လုပ်ငန်းစခန်းများကို လက်တုံ့ပြန်သွားမည်ဟု အီရန်က တန်ပြန် ခြိမ်းခြောက်လိုက်သည်။ အီရန်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံခဲ့ရပါက ဒေသတွင်းမှ ရေနံနှင့် စွမ်းအင်လုပ်ငန်းများနှင့်အခြားအရေးပါသော အခြေခံအဆောက်အအုံများကို ပြန်ပြင်၍ မရအောင် ဖျက်ဆီးပစ်မည်ဟု အီရန်ပါလီမန်ဥက္ကဌ မိုဟမ်မက်ဘာဂါ ဂါလီဘက်ဖ် က X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။ အီရန်၏ အခြေခံအဆောက်အအုံများကို ထိမှန်ခဲ့ပါက ဒေသတွင်းမှ အခြေခံ‌ အဆာက်အအုံများသည်လည်း အီရန်၏ တရားဝင်ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု ဂါလီဘက်ဖ်က ဆက်လက် ပြောကြားပြီး တီဟီရန်၏ လက်တုံ့ပြန်မှုများကြောင့် ရေနံဈေးနှုန်းကို အချိန်အကြာကြီး

မဲခေါင်၊ မတ် ၂၃

မဟာဗျူဟာကျသော ဟောမုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးပါက အီရန်၏ ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတစ်ခွင်မှ စွမ်းအင်လုပ်ငန်းစခန်းများကို လက်တုံ့ပြန်သွားမည်ဟု အီရန်က တန်ပြန် ခြိမ်းခြောက်လိုက်သည်။

အီရန်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံခဲ့ရပါက ဒေသတွင်းမှ ရေနံနှင့် စွမ်းအင်လုပ်ငန်းများနှင့်အခြားအရေးပါသော အခြေခံအဆောက်အအုံများကို ပြန်ပြင်၍ မရအောင် ဖျက်ဆီးပစ်မည်ဟု အီရန်ပါလီမန်ဥက္ကဌ မိုဟမ်မက်ဘာဂါ ဂါလီဘက်ဖ် က X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

အီရန်၏ အခြေခံအဆောက်အအုံများကို ထိမှန်ခဲ့ပါက ဒေသတွင်းမှ အခြေခံ‌ အဆာက်အအုံများသည်လည်း အီရန်၏ တရားဝင်ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု ဂါလီဘက်ဖ်က ဆက်လက် ပြောကြားပြီး တီဟီရန်၏ လက်တုံ့ပြန်မှုများကြောင့် ရေနံဈေးနှုန်းကို အချိန်အကြာကြီး မြင့်တက်နေစေလိမ့်မည်ဟု ၎င်းက ဆိုသည်။

ဟောမုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်မဖွင့်ပေးပါက အီရန်၏ ဓာတ်အားပေးစက်ရုံများကို အမှုန့်ကြိတ်ပစ်မည်ဟု ဒေါ်နယ်ထရမ့်က စနေနေ့တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် အီရန်ပါလီမန်ဥက္ကဌ၏ ကြုံးဝါးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ကမ္ဘာ့ရေနံ ၅ ပုံ၊ တစ်ပုံ ဖြတ်သန်းစီးဆင်းနေသော ဟောမုဇ်ရေလက်ကြားကို ပိတ်မထားကြောင်း အီရန်က အခိုင်အမာ ပြောကြားသည်။

အရှေ့အလယ်ပိုင်းမှ အဓိကထွက်ရှိပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချိနေသည့် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့‌ရည်တင်သင်္ဘောများ အဓိက အားထားရသည့် ‌ရေလက်ကြားကို အီရန်က လည်မျိုညှစ်ထားခဲ့ရာ ၁၉၇၀ နောက်ပိုင်း အဆိုးရွားဆုံး ရေနံ နှင့်လောင်စာ အကျပ်အတည်း ဖြစ်ပေါ်လာခဲ့သည်။

မိမိတို့ နိုင်ငံအပေါ် ရန်ပြုနေသူများမှလွဲမှ ကျန်နိုင်ငံအားလုံးအတွက် ဟောမုဇ်ရေလက်ကြားကို ဖွင့်ထားသည်ဟု အီရန်သမ္မတ မာဆွတ်ပီဇက်ကီယန်က ယမန်နေ့တွင် ပြောကြားသည်။

အီရန်တွင် ဩဇာကြီးမားသော တော်လှန်ရေးအစောင့်တပ် – IRGC ကမူ ထရမ့်က ၎င်းခြိမ်းခြောက်ထားသည့်အတိုင်း အီရန်၏ လျှပ်စစ်လုပ်ငန်းများကို တိုက်ခိုက်ခဲ့ပါက ရေလက်ကြားကို လုံးဝ ပိတ်ပစ်လိုက်မည်ဟု အစောပိုင်းတွင် ပြောကြားသည်။

အေးကျော်
Ref: Al Jazeera
#MeKongNews
#ဓာတ်အား‌ပေးစက်ရုံ
#စွမ်းအင်စခန်း
#အီရန်
#သတိပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now