မဲခေါင်၊ မတ် ၂၁
ရပ်ထားသည့် ကား ၃ စီးကို စစ်ဆေးရာမှတဆင့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် စိတ်ကြွဆေးပြား ၁၇ ဒသမ ၈ သန်းကို ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ မတ်လ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်း၊ မြလင်းပွင့်မိုတယ်အနီး၌ ရပ်ထားသည့် ကား ၃ စီးကို စစ်ဆေးရာမှတဆင့် ဖမ်းမိခြင်းဖြစ်သည်။
ရပ်ထားသည့် ကား ၃ စီးထဲတွင် တိုယိုတာ ဖော်ကျူနာ အဖြူရောင်ကားပေါ်မှ စိတ်ကြဆေးပြား ၆ သန်း၊ ခဲရောင် တိုယိုတာ ဟိုင်းလက် Single Cub ပေါ်မှ စိတ်ကြွဆေးပြား ၇ ဒသမ ၄ သန်းနှင့် အဖြူရောင်ဖို့ဒ်ကားပေါ်မှ စိတ်ကြွဆေးပြား ၄ ဒဿမ ၄ သန်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများအားလုံးမှာ ပိုင်ရှင်မဲ့ဖြစ်ကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#စိတ်ကြွဆေးပြား
#မူးယစ်ဆေးဝါး
#ပိုင်ရှင်မဲ့








