မဲခေါင်၊ မတ် ၁၇
ယနေ့ မတ် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ထိုင်း – လာအိုနယ်စပ် ချင်းကောင်းခရိုင် မဲခေါင်မြစ်ဘေးရှိ အမှတ် – ၁၂၉၀ အဝေးပြေးလမ်းမကြီးတစ်လျှောက် ဆိုင်ကယ် ၃ စီးနှင့် အနက်ရောင် Chevrolet SUV ကားတစ်စီး စစ်ဆေးရေးဂိတ်အား ကျော်ဖြတ်မောင်းပြေးသဖြင့် ချင်းရိုင်ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ကင်းလှည့်ရဲတပ်ဖွဲ့တို့က လိုက်လံဖမ်းဆီးရာ ၅ ယောက်စလုံး ဖမ်းဆီးရမိပြီး စိတ်ကြွဆေး ၇ သန်းပါ သိမ်းဆည်းမိခဲ့သည်။
မဲခေါင်မြစ်ကမ်းတစ်လျှောက် များပြားလှသော စိတ်ကြွဆေးများ မှောင်ခိုသွင်းလာမည်ကို သတင်းကြိုတင် ရရှိ၍ ရဲတပ်ဖွဲ့က စောင့်ဖမ်းရာ ကားရပ်ခိုင်းစဉ် ဆိုင်ကယ် ၃ စီးနှင့်အတူ မောင်းပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဟွိုင်မန်းရွာအနီး ဖမ်းမိနိုင်ခဲ့ပြီး ကားမောင်းသူနှင့် ခရီးသည်အပါ ဆိုင်ကယ်သမား စုစုပေါင်း ၅ ယောက် ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းတို့အား ရှာဖွေရာတွင် ၉၉၉ တံဆိပ်ပါ စိတ်ကြွဆေး ၇ သန်းဖမ်း မိခဲ့ပြီး ကားပိုင်ရှင်မှာ ဝီယန်ချင်းရူအန်ခရိုင်မှ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ခြင်းကြောင့် ၎င်းအား လိုက်လံ ရှာဖွေနေကြောင်းလည်း သိရှိရသည်။
#MeKongNews
#ဆိုင်ကယ်မူးယစ်မှောင်ခိုဂိုဏ်း
#စိတ်ကြွဆေး
#မဲခေါင်မြစ်
#ဖမ်းမိ








