ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
· ယခုတစ်ပတ်အတွင်း ရှမ်းပြည်တွင် မိုးရွာသွန်းနိုင်မည့် အခြေအနေ
– ရှမ်းပြည်တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်(Light to Moderate rain) ရွာနိုင်ပြီး လေပြင်း တနာရီ ၁၅ မိုင် မှ မိုင် ၃၀ အထက်အထိ တိုက်နိုင်သည်။ မိုးများနိုင်မည့် အခြေအနေမရှိ၊ ခေတ္တမျှမိုးသည်းထန်နိုင်ပြီး မိုးရေချိန် မများနိုင်ပါ။
– ရှမ်းပြည်တစ်ခုလုံးတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ရှမ်းပြည်အရှေ့ပိုင်းတွင် နေသာချိန် ၃ နာရီ မှ ၈ နာရီခန့်၊ ရှမ်းပြည်မြောက်ပိုင်းတွင် နေသာချိန် ၅ နာရီမှ ၈ နာရီခန့်၊ ရှမ်းပြည်တောင်ပိုင်းတွင် နေသာချိန် ၇ နာရီမှ ၉ နာရီခန့် အသီးသီးရှိနိုင်ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် မတ် ၁၄ ရက် မှ ၁၇ ရက်အထိ၊ မတ် ၁၄ ရက် မှ ၁၆ ရက်အထိ ထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။
· အပူချိန်
– ယခု တစ်ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၃၀°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်သည်။ မူဆယ်မြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၆°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည်။ နမ့်ဖတ်ကာမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နှင့် အနိမ့်ဆုံးအပူချိန် ၁၃°C ရှိနိုင်ပါတယ်။
– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၇°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၃°C ရှိနိုင်သည် (ညပိုင်း ဆက်၍အေးနေမည်)။ ညောင်ရွှေ၊ အင်းလေးဒေသ ခေါင်တိုင်၊ မိုင်းသောက်၊ အင်းပေါခုံ၊ ရွာမ စသည့် ဒေသများတွင် အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်ပြီး၊ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်မြို့နယ်များတွင် တိမ်အနည်းငယ် ဖြစ်ထွန်းပြီး အမြင့်ဆုံးနေ့အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ခန့် ရှိနိုင်သည်။
· လေထုစိုထိုင်းဆ
– ရှမ်းပြည်တစ်ခုလုံး၏ နေ့ခင်းအချိန်များတွင် လေထုစိုထိုင်းဆ ၄၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းခန့် ရှိနိုင်ပြီး၊ ညနှင့် နံနက်အစောပိုင်းအချိန်များတွင် ရှမ်းပြည်အရှေ့ပိုင်းပ လေထုစိုထိုင်းဆ ၇၀ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်းခန့် ရှိနိုင်သည်။ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် နေ့/ည လေထုစိုထိုင်းဆ ကွာခြားမှုမများပါ။
· မြေဆီလွှာစိုထိုင်းဆ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့၏ ရေငွေ့ပျံနှုန်း ၄ ဒသမ ၉၁ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၃၁ ဒသမ၂ ရာခိုင်နှုန်း ရှိမည်။ လားရှိုးမြို့နယ်တွင် ရေငွေ့ပျံနှုန်း ၅ ဒသမ ၃၂ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၂၃ ဒသမ ၅ ရှိမည်။ နန့်ဖတ်ကာဒေသတွင် ရေငွေ့ပျံနှုန်း ၄ ဒသမ ၈၄ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၃၄ ဒသမ ရာခိုင်နှုန်း ရှိမည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်တွင်း ရေငွေ့ပျံနှုန်း ၅ ဒသမ ၇၆ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၁၃ ရာခိုင်နှုန်း ရှိမည်။ ညောင်ရွှေမြို့နယ်တွင် ရေငွေ့ပျံနှုန်း ၆ ဒသမ ၁၆ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၂၀ ရာခိုင်နှုန်း ရှိမည်။ ဟဲဟိုးမြို့နယ်အတွင်း ရေငွေ့ပျံနှုန်း ၅၉ ဒသမ ၉ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၁၂ ဒသမ ၁ ရာခိုင်နှုန်း ရှိမည်။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ရေငွေ့ပျံနှုန်း ၅ ဒသမ ၃၆ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၃၆ ဒသမ ၀ ရာခိုင်နှုန်း ရှိမည်။ ကျိုင်းတုံမြို့နယ်တွင် ရေငွေ့ပျံနှုန်း ၅ ဒသမ ၅၄ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၃၆ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်။ မိုင်းယောင်းမြို့နယ်တွင် ရေငွေ့ပျံနှုန်း ၄ ဒသမ ၉၂ မီလီမီတာ၊ မြေဆီလွှာအစိုဓာတ် ၃၅ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်။
· လေထုညစ်ညမ်းမှု အခြေအနေ
– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တို့တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI Value) အမြင့်ဆုံး ၁၅၅၊ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၁၄၅ ရှိနိုင်သည်။
· ပင်လယ်ပြင်မှ ထူးခြားသည့် မိုးလေဝသအခြေအနေနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ခြေ
– ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် မိုင် ၉၀၀ ခန့် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း TD “NURI” သည် အားပျော့ပျက်ပြယ်သွားပြီဖြစ်သည်။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် လေပွေလှိုင်းအသစ် ဖြစ်ပေါ်လျှက်ရှိသည်။ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ခြင်း မရှိပါ။ တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအား ဆက်လက်ကောင်းနေသည်။
– တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေစီးကြောင်း ရွေ့လျားတိုက်ခတ်မှုနှင့်အတူ ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် မိုးတိမ်များနှင့် မြန်မာနိုင်ငံတောင်ဘက်မှ ဝင်ရောက်လာသည့် မိုးတိမ်များကြောင့် မြန်မာနိုင်ငံအတွင်း မတ် ၁၂ ရက် မှ မတ်လ ၁၆ ရက်အထိ မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်(မြောက်ပိုင်း) တွင် မိုးများနိုင်သည်။ ကုန်းတွင်းမှ အပူရှိန်ကြောင့် ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးအုံ့ခြင်း၊ မိုးဖွဲကျခြင်းနှင့် နေရာကွက်၍ မိုးအနည်းငယ် ကျနိုင်ခြင်းများရှိပြီး မိုးမများနိုင်သော်လည်း မိုးတိမ်တောင်များ ရွေ့လျားဝင်ရောက်ရာ လမ်းတလျှောက်တွင် ခေတ္တမျှ မိုးသည်းထန်နိုင်ခြင်း၊ စိုက်ဆင်းလေပြင်း ကျတတ်ခြင်းနှင့် မိုးသီးကြွေခြင်းများကို သတိပြုရန်လိုမည်။
– ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် မတ် ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်အတွင်း မိုးသည်းထန်နိုင်၊ မိုးရေချိန်များနိုင်သည်။ ၂၄ နာရီအတွင်း အများဆုံးမိုးရေချိန် 40 to 80mm = ၁၆ ဒသမ လက်မ မှ ၃ လက်မကျော်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး တောင်ကျချောင်းရေ ကျဆင်းနိုင်ခြင်းကြောင့် ရုတ်ခြည်းရေကြီးနိုင်ခြင်း (Flash-Flood) ကို သတိထား၍ စောင့်ကြည့်ကြရပါမည်။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်








