ကမ္ဘာ့သတင်း

အယာတိုလာလက်သစ်အား ဒေါ်လာ ၁၀ သန်း အမေရိကန် ဝရမ်းထုတ်၊ မရိန်းစစ်သည်နှင့် ကမ်းတက်ရေယာဥ်များ ထပ်လွှတ်

မဲခေါင် 15 Mar - 2026
မဲခေါင်၊ မတ် ၁၅ သုတ်သင်ခဲ့ပြီးသော အီရန်ခေါင်းဆောင် ခါမေနီနေရာတွင် ခေါင်းဆောင်သစ်အဖြစ် ခန့်ထားသည့် အယာတိုလာလက်သစ် မော့ဂျ်တာဘာခါမေနီကို ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်သူအား ဒေါ်လာ ၁၀ သန်း ဆုငွေပေးမည်ဟု အမေရိကန်က ထုတ်ပြန်လာသည်။ အီရန်ရေနံစီးပွားရေး၏ အသက်ဖြစ်သော ၅ မိုင်သာ ရှည်သည့် ရေနံ ၉၀ ရာခိုင်နှုန်း သိုလှောင်ထားရှိရာ ကာ့ခ်ကျွန်းပေါ်မှ အီရန် စစ်အခြေစိုက်စခန်းကို မတ် ၁၃ ရက်က အမေရိကန်ဘက်မှ ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် ယင်းကျွန်းကို တက်သိမ်းရန်ဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။ ထိုကျွန်းသည် အီရန်ကုန်းမြေနှင့် ပင်လယ်ကြား ၁၅ မိုင်အကွာတွင်ရှိသော ကျွန်းဖြစ်ကာ ထရမ့်သမ္မတမဖြစ်မီ အိမ်ခြံမြေသူဌေးကြီးဘ၀မှာပင် အီရန်အားဖြိုလိုလျှင်

မဲခေါင်၊ မတ် ၁၅

သုတ်သင်ခဲ့ပြီးသော အီရန်ခေါင်းဆောင် ခါမေနီနေရာတွင် ခေါင်းဆောင်သစ်အဖြစ် ခန့်ထားသည့် အယာတိုလာလက်သစ် မော့ဂျ်တာဘာခါမေနီကို ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်သူအား ဒေါ်လာ ၁၀ သန်း ဆုငွေပေးမည်ဟု အမေရိကန်က ထုတ်ပြန်လာသည်။

အီရန်ရေနံစီးပွားရေး၏ အသက်ဖြစ်သော ၅ မိုင်သာ ရှည်သည့် ရေနံ ၉၀ ရာခိုင်နှုန်း သိုလှောင်ထားရှိရာ ကာ့ခ်ကျွန်းပေါ်မှ အီရန် စစ်အခြေစိုက်စခန်းကို မတ် ၁၃ ရက်က အမေရိကန်ဘက်မှ ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် ယင်းကျွန်းကို တက်သိမ်းရန်ဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။

ထိုကျွန်းသည် အီရန်ကုန်းမြေနှင့် ပင်လယ်ကြား ၁၅ မိုင်အကွာတွင်ရှိသော ကျွန်းဖြစ်ကာ ထရမ့်သမ္မတမဖြစ်မီ အိမ်ခြံမြေသူဌေးကြီးဘ၀မှာပင် အီရန်အားဖြိုလိုလျှင် ခါ့ခ်ကျွန်းကို ဖျက်ဆီးလိုက်ခြင်းက အဖြေဟု ပြောခဲ့ဖူးသော ကျွန်းလည်းဖြစ်သည်။

ဟစ်ဇ်ဘိုလာ၊ ဟူသီများအပါ အဝင် အစ္စလာမ္မစ်စစ်တပ်များကို အီရန်က ကျောထောက် နောက်ခံ ပေးနေခြင်းတွင် ရေနံတင်ပို့မှုမှ အီရန်ရသည့် ဘတ်ဂျက်သည် ၄၀ ရာခိုင်နှုန်းအထိ ရှိနေသဖြင့် နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော ရေနံများ သိုလှောင်ထားရာ ခါ့ခ်ကျွန်းအား ကမ်းတက် သိမ်းပိုက်နိုင်ရန် အမေရိကန်အထူးမရိန်းတပ်ဖွဲ့ဝင် ၂၅၀၀ ပါသည့် ကွန်မန်ဒိုတပ်များ၊ စစ်သင်္ဘောများကို အရှေ့အလယ်ပိုင်းဒေသသို့ ထရမ့်က ထပ်မံ ပို့ဆောင်ပေးနေကြောင်းနှင့် ထိုအခင်းအကျင်းအရ ခါ့ခ်ကျွန်းကို သိမ်းပိုက်ကာ ရေနံများကို အပိုင်သိမ်းဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။

ထရမ့် ထပ်မံစေလွှတ်သည့် အထူးတပ်များထဲ မရိန်းစစ်သား ၂၅၀၀ အပြင် ဂျပန်၌ အခြေစိုက်သော တိုက်သင်္ဘော USS Tripoli နှင့် ထိုသင်္ဘောပေါ်တွင် ပါဝင်မည့် သင်္ဘောသားနှင့် စစ်သည် ၅ ထောင် ပါဝင်မည်ဟု သိရသည်။

ထိုအထူးတပ်များတွင် ရေကြောင်းစီးနင်းတပ်ဖွဲ့များ၊ အမှတ် (၇၅) ရိန်းဂျားတပ်ဖွဲ့ ဝင်များနှင့် SOCOM – ပူးတွဲဖမ်းဆီးမှု သို့မဟုတ် ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကာ မော့ဂျ်တာဘာအား ဖမ်းဆီးရန်လည်းပါဝင်မည်ဟု ယူဆရသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အယာတိုလာ
#အမေရိကန်
#ဝရမ်းထုတ်
#မရိန်းစစ်သည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now