မဲခေါင်၊ မတ် ၆
ကရင်နီပြည်နယ်အတွင်း ယခုနှစ်ဖေဖော်ဝါရီတစ်လအတွင်း စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု ၂၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၇ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ – KnHRG က မတ် ၅ ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ လက်နက် ကြီးပစ်ခတ်မှု ၁၀ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၄ ကြိမ်၊ ဖမ်း ဆီးမှု တစ်ကြိမ်၊ မိုင်းဖောက်ခွဲမှုတစ်ကြိမ်နှင့် မိုင်းနင်းမိမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူများတွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေးတစ်ဦး ပါဝင်ပြီး ဒဏ်ရာ ရရှိသူ များမှာ အမျိုးသား ၇ ဦး၊ အ မျိုးသမီး ၂ ဦး၊ ကလေး ၃ ဦးနှင့် ကျား/မသိရသေးသူ ၅ ဦး ဖြစ် ကြောင်း ဖော်ပြထားသည်။
ပျက်စီးဆုံးရှုံးမှုများ အနေဖြင့် နေအိမ် ၁၉ လုံး၊ စိုက်ခင်း ၉ ခု၊ တိရစ္ဆာန် ၆ ကောင်၊ လမ်းနှင့်တံ တား ၃ စင်း၊ ပြည်သူပိုင် အ ဆောက်အအုံတစ်ခုနှင့် အခြား ၄ ခု ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“လေကြောင်းတိုက်ခိုက်မှုနဲ့ လက် နက်ကြီးပစ်ခတ်တာတွေ မကြာ ခဏ ဖြစ်နေလို့ ရွာသားတွေ အမြဲကြောက်နေရတယ်။ အိမ်ပျက်၊ စိုက်ခင်းပျက်တာတွေလည်း များလာတော့ အသက်ရှင် နေထိုင်ရေးတောင် ခက်ခဲလာပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် မသက်ဆိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု ၅ ခုလည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထား သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းလည်း ကရင်နီပြည်တွင် လူ့အ ခွင့်အရေး ချိုးဖောက်မှုများကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KnHRG က ထုတ်ပြန်ထားသေးသည်။
#MeKongNews
#ကရင်နီ
#အရပ်သား
#ဒဏ်ရာရ
#သေဆုံး








