မဲခေါင်၊ မတ် ၅
တရုတ်နိုင်ငံတွင် အရေးကြီးအ စည်းအဝေး ကျင်းပနေသည့် ကာ လဖြစ်သဖြင့် မတ် ၁၅ ရက်အထိ နယ်စပ်တလျှောက် လုံခြုံရေး တင်းကြပ်ထားမည်ဟု ဝပြည်သွေးစည်းညီညွတ်ရေးတပ် မတော် – UWSA က ကြေညာထားသည်။
တရုတ်နိုင်ငံ၏ အရေးကြီးအစည်းအဝေး ကာလအတွင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည် ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်အတွက် နယ်စပ်စောင့်ကြည့်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မတ် ၃ ရက်တွင် ထုတ်ပြန်သည့် ယင်းကြေညာ ချက်၌ ဖော်ပြသည်။
ထို့ကြောင့် မတ် ၃ ရက်မှ စတင်ကာ မတ် ၁၅ ရက်အထိ UWSA သည် လုံခြုံရေးအဖွဲ့များကို စီ စဉ်၍ နယ်စပ်တစ်လျှောက် လှည့် လည် စောင့်ကြည့်စစ်ဆေးမှုများကို ပိုမို တင်းကြပ်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဆိုသည်။
အထူးသဖြင့် မှုခင်းများ မကြာ ခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသများတွင် ကာကွယ်ထိန်း ချုပ်ရေး လုပ်ငန်းများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ကာ နယ် စပ် ၂ ဖက်၏ လူမှုလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် အခြေအနေများ မဖြစ် ပွားစေရန် ကြိုတင် ကာကွယ်သွားမည်ဟု ဖော်ပြထားသည်။
UWSA လည်း ယခင်ကလည်း တ ရုတ်နိုင်ငံအစည်း အဝေးကာလနှင့် နှစ်သစ်ကူး ကာလများတွင် နယ်စပ်ဒေသအား လုံခြုံရေးတင်းကြပ်လေ့ရှိသည်။
#MeKongNews
#တရုတ်
#အရေးကြီးအစည်းအဝေး
#UWSA
#နယ်စပ်လုံခြုံရေး
#တင်းကြပ်








