နေ့စဥ်သတင်း

ကွတ်ခိုင်တွင် ကောက်ရသည့် မိုင်းဗုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ကိုရင်တစ်ပါး ခြေထောက်ပြတ် ဒဏ်ရာရ

မဲခေါင် 28 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် ကောက်ရသည့် မိုင်းဗုံးကို ဆော့ကစားရာမှ ဗုံးပေါက်ကွဲပြီး ကိုရင်လေးတစ်ပါး ခြေထောက်တစ်ဖက်ပြတ်ကာ ဒဏ်ရာအပြင်းအထန် ရရှိသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက် နေ့လည် ၁၂ နာရီအချိန် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၂ ရှိ ဘုန်းကြီးကျောင်း အနီးရှိ ရဲစခန်းနှင့် နတ်စင်အကြားတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ဒဏ်ရာ ပြင်းထန်သည့် ကိုရင်လေးအား ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးထားကြောင်း သိရသည်။ မိုင်းဗုံးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ဒဏ်ရာရရှိသည့် ကိုရင်လေးသည် အသက် ၁၁ နှစ်အရွယ်သာ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် ကောက်ရသည့် မိုင်းဗုံးကို ဆော့ကစားရာမှ ဗုံးပေါက်ကွဲပြီး ကိုရင်လေးတစ်ပါး ခြေထောက်တစ်ဖက်ပြတ်ကာ ဒဏ်ရာအပြင်းအထန် ရရှိသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက် နေ့လည် ၁၂ နာရီအချိန် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၂ ရှိ ဘုန်းကြီးကျောင်း အနီးရှိ ရဲစခန်းနှင့် နတ်စင်အကြားတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ဒဏ်ရာ ပြင်းထန်သည့် ကိုရင်လေးအား ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးထားကြောင်း သိရသည်။

မိုင်းဗုံးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ဒဏ်ရာရရှိသည့် ကိုရင်လေးသည် အသက် ၁၁ နှစ်အရွယ်သာ ရှိသေးပြီး ဗုံးပေါက်ကွဲခြင်းကြောင့် ညာဖက်ခြေထောက် ပြတ်ထွက်သွားပြီး ဘယ်ဖက်ခြေထောက်၊ လည်ပင်းနှင့် မေးရိုးကျိုးသည့် ဒဏ်ရာများ ရရှိသည်။

“၂၅ ရက်ကတည်းက ဗုံးကို ကောက်ရတယ်လို့ ကြားတယ်၊ ဗုံးကိုယူပြီး ရဲစခန်းနဲ့ နတ်စင်ကြားမှာ သွားဆော့ပြီး ပေါက်ကွဲသွားတာ။ သွားဆော့တာတော့ ၃ ပါးရှိတယ်။ ၂ ပါးက အရင် ပြန်သွားတယ်၊ မကြာဘူး ပေါက်ကွဲသံကြားတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုအတွင်း ခြေထောက်ပါ ပြတ်ထွက်သွားသဖြင့် ကိုရင်လေး ကောက်ရသည့် ဗုံးသည် လက်ပစ်ဗုံးထက် မိုင်းဗုံးအမျိုးအစားသာ ဖြစ်ကြောင်း တာဝန်ရှိ ဌာနဆိုင်ရာများအနေဖြင့်လည်း မိုင်းရှင်းလင်းရေးကို ပိုပြီး လုပ်စေလိုကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ခြေထောက် ပြတ်ထွက်သွားတယ်ဆိုတော့ မြေမြှုပ်မိုင်းလို့ ထင်တယ်၊ အရင်က ကချင်စစ်သားနဲ့ စစ်ကောင်စီစစ်သားတွေ တိုက်ပွဲဖြစ်တဲ့ နေရာဆိုတော့ ဘယ်အဖွဲ့က မြုပ်ထားလဲ မပြောတတ်ဘူး၊ ဒီမြေမြှုပ်မိုင်း ဖြစ်ဖြစ်၊ လက်ပစ်ဗုံးတွေပဲ ဖြစ်ဖြစ် နမ့်ဖတ်ကာကျေးရွာမှာ တာဝန်ရှိတဲ့သူတွေက တာဝန်ယူ လုပ်ဆောင်ပေးရမယ်လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ကိုရင်လေးသည် လက်ရှိတွင် နမ့်ခမ်းဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး ဆေးကုသစရိတ် အကူအညီ လိုအပ်နေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင်လည်း နမ့်ဖတ်ကာတွင် ကလေးတစ်ဦး ဗုံးတစ်လုံး ကောက်ယူ ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦး သေဆုံးကာ ၆ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။

နမ့်ဖက်ကာသည် ကချင်လွတ်လပ်ရေးတပ်မတော် – KIO/KIA က စစ်ကောင်စီအား တိုက်ထုတ်ကာ ထိန်းချုပ်ထားသည့် နေရာဖြစ်သည်။

#MeKongNews
#ကွတ်ခိုင်
#မိုင်းဗုံး
#ဆော့ကစား
#ပေါက်ကွဲမှု
#ကိုရင်လေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now