မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
အီရန်အား အစ္စရေးက စတင် စစ်ပွဲဆင်နွှဲလိုက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးနှင့် အမြဲတမ်း အရေးပေါ်အခြေအနေကို ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်တွင် ကြေညာလိုက်သည်။
အီရန်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ တီဟီရန်မြို့လယ်ခေါင်တွင် ပေါက်ကွဲသံ ၃ ကြိမ်ကြားရသည်ဟု ဆိုသည်။
အီရန်မြို့တော်ရှိ အများပြည်သူနေရာအတွင်းသို့ ဒုံးကျည်အများအပြား ကျရောက် ထိမှန်ခဲ့သည့် သတင်းပေးချက်များကို လက်ခံရရှိထားကြောင်း Fars သတင်းအေဂျင်စီက ပြောကြားထားသည်။
တီဟီရန်မြို့ရှိ ဂျွန်ဟောင်ရီရင်ပြင် နှင့် ဟာဆန်အာဘတ်ရင်ပြင် တို့တွင် မီးခိုးများ အူတက်နေသည့် ဓာတ်ပုံမှတ်တမ်းများကို BBC သတင်းဌာနက ပူပူနွေးနွေး လက်ခံရရှိထားသည်။
အီရန်သတင်းမီဒီယာများတွင်လည်း တီဟီရန်မြို့၌ ပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပွားကြောင်း သတင်းများ ဆက်လက် ထွက်ပေါ်လာနေသည်။
အီရန်အစိုးရနှင့် နီးစပ်သော Fars သတင်းအေဂျင်စီ ၏ အဆိုအရ တီဟီရန်မြို့၏ မြောက်ဘက်နှင့် အရှေ့ဘက်ပိုင်းတို့တွင် ပေါက်ကွဲသံအသစ် များစွာကို ကြားရသည်ဟု ဖော်ပြထားသည်။
ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီ၁၅ နာရီ ခန့်တွင် အစ္စရေးတစ်နိုင်ငံလုံး၌ ဒုံးကျည် သတိပေးဥသြသံများ ဆူညံနေခဲ့ပြီး ပြည်သူများအား ဖြစ်ပေါ်လာနိုင်သည့် တိုက်ခိုက်မှုအန္တရာယ်ကို သတိပေးခဲ့သည်။
Ref: BBC
#MeKongNews
#အီရန်
#အစ္စရေး
#စတိုက်
#အရေးပေါ်အခြေအနေ
#ကြေညာ








