မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
ထိုင်းတိရစ္ဆာန်ချစ်သူများ လူမှုကွန်ရက်များပေါ် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အလွန်ပျံ့နှံ့ကာ ဆန္ဒပြမှုများပင် ဖြစ်ပွားစေခဲ့သော မော်လီဆိုသည့် ဆိုက်ဘေးရီးယား ဟက်စကီးခွေးလေး ဆီလောင်းမီးရှို့သူကို ဖမ်းမိခဲ့ပြီဖြစ်ကာ ၎င်းမြတ်နိုးသည့် တိုက်ကြက်အား လှောင်အိမ်ထဲအထိ ဝင်ကိုက်သဖြင့် မီးရှို့ခဲ့ခြင်းဟု ထွက်ဆိုခဲ့သည်။
မီးရှို့သူမှာ ဖက်သမ်လောင်ခရိုင်တွင် နေထိုင်သူဖြစ်ကာ ဖေဖော်ဝါရီ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီဝန်းကျင်က လှောင်အိမ်ထဲမှ တိုက်ကြက် ကျယ်လောင်စွာ အသံထွက်နေသဖြင့် သွားကြည့်ရာ ၂ နှစ်အရွယ် မော်လီဆိုသည့် ဟက်စကီးခွေးက ကိုက်နေသည်ကို တွေ့ရသဖြင့် အိမ်ထဲပြန်ဝင်ပြီး စက်ဆီနှင့်ချောဆီတချို့ယူလာပြီး လှောင်အိမ်ထဲမှ ခွေးအားပက်ပြီး စက္ကူစကို မီးရှို့ကာ မီးရှို့လိုက် သဖြင့် ခွေး၏ တစ်ကိုယ်လုံး မီးလောင်သွားခဲ့သည်။
ခွေးလေးမော်လီသည် ရက်အနည်းငယ်ပျောက်နေပြီး နောက်မှ ပိုင်ရှင်က အိမ်နီးနားချင်းရှိ ရေကန်အတွင်း မီးလောင်ဒဏ်ရာကြောင့် စိမ်နေသည်ကို တွေ့ရပြီးမှ တိရစ္ဆာန်ဆေးကုသမှုစင်တာသို့ ပို့ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၀ ရက်က သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ခရိုင်ရဲတပ်ဖွဲ့က တရားခံကို ရှာဖွေရာ ၅၆ နှစ်အရွယ် ဘန်ပူးလမ်းတွင် နေထိုင်သူမှန်း သိရပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုဖြင့် ဖမ်းဆီးပြီးနောက် သူ့တိုက်ကြက်ကို ကိုက်သဖြင့် မီးရှို့ရခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#တိုက်ကြက်
#မီးရှို့
#တိရိစ္ဆာန်








