မဲခေါင်၊ ဖေဖော်ဝါရီ ၉
ထိုင်းနိုင်ငံ၊ ဖယာအိုပြည်နယ် ခရီးသည်တင် ကားဂိတ်တွင် စီးနင်းလာသည့် ကားပေါ်မှ ဘုန်းကြီးတစ်ပါး ဆင်းလာပြီးနောက် လူများကို အော်ဟစ်ဆဲဆိုကာ စိတ်ဖောက်ပြန်ခဲ့သဖြင့် ခရီးသည်များအကြား အလန့်တကြား ဖြစ်ခဲ့ကြောင်း ဒေသ အာဏာပိုင်များက ပြောသည်။
ယင်းဘုန်းကြီးသည် ဆီဆာပြည်နယ်သို့ သွားရောက်ရန် စောင့်ဆိုင်းနေစဉ်အတွင်း ခရီးသည်နားနေဆောင်၌ ထူးဆန်းစွာ ပြုမူခြင်း၊ လူများကို စိုက်ကြည့်ခြင်းနှင့် ကျယ်လောင်စွာ အော်ဟစ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ခရီးသွားများ အထိတ်တလန့် ထွက်ပြေးခဲ့ကြရသည်ဟု မျက်မြင်သက်သေများက ဆိုသည်။
တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ယင်းဘုန်းကြီးသည် ယခင်ကတည်းက စိတ်ဝေဒနာ ခံစားခဲ့ရဖူးသူ ဖြစ်ပြီး သောက်နေကျ ဆေးဝါးများ ပြတ်လပ်သွားရာမှ ယခုကဲ့သို့ ရောဂါပြန်ထလာခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဘုန်းကြီး၏ ဘွဲ့အမည်မှာ အရှင်ခတဝတ်ချုတင်ထို ဖြစ်ပြီး စမွတ်ဆောင်ခရမ် ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းမှ ဖြစ်သည်။
၎င်းသည် ခြေလျင်ဓမ္မဒူတခရီး ကြွချီနေသူဖြစ်ပြီး ယင်းမတိုင်မီ ဒေါ့ခမ်းတိုင်း ခရိုင်တွင် ခေတ္တတည်းခိုခဲ့ကြောင်း သိရသည်။
Ref: Khaosod
#MeKongNews
#ထိုင်း
#ဖယာအိုကားဝင်း
#စိတ်ဖောက်ပြန်








