ကမ္ဘာ့သတင်း

အိန္ဒိယသမုဒ္ဒရာမှ ချားဂို့စ်လေတပ်စခန်း မဟာဗျူဟာမြောက် အရေးပါကြောင်း ဗြိတိန်နှင့် အမေရိကန် သဘောတူ

မဲခေါင် 4 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၄ အိန္ဒိယသမုဒ္ဒရာ မောရိသျှကျွန်းနိုင်ငံတွင် ပါဝင်သော အမေရိကန်နှင့် ဗြိတိန်တို့ တည်ဆောက်ထားသည့် ချားဂို့စ်ကျွန်းစုမှ လေတပ်စခန်းသည် မဟာဗျူဟာမြောက် အရေးပါပြီး ၎င်းကို ဆက်လက် လည်ပတ်နိုင်ရေး အနီးကပ် လုပ်ဆောင်သွားကြရန် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့့််တို့က သဘော တူခဲ့ကြ သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောသည်။ ဒီယေဂိုဂါစီယာ လေတပ်စခန်း တည်ရှိသော ကျွန်းတစ်ကျွန်း အပါအဝင် ကျွန်းစု၏ အချုပ်အခြာကို လက်လွှတ်သွားရန် ဗြိတိန်၏ ၂၀၂၅ ခုနှစ် သဘောတူညီချက်ကို ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်လတွင် ဝေဖန်ခဲ့ပြီး ကြီးမားသော မိုက်မဲမှု၊ အားနည်းမှုအဖြစ် ပြောကြားခဲ့သည်။ ယမန်နေ့က ထရမ့်နှင့် စတာမာတို့

မဲခေါင်၊ ဖေဖော်ဝါရီ ၄

အိန္ဒိယသမုဒ္ဒရာ မောရိသျှကျွန်းနိုင်ငံတွင် ပါဝင်သော အမေရိကန်နှင့် ဗြိတိန်တို့ တည်ဆောက်ထားသည့် ချားဂို့စ်ကျွန်းစုမှ လေတပ်စခန်းသည် မဟာဗျူဟာမြောက် အရေးပါပြီး ၎င်းကို ဆက်လက် လည်ပတ်နိုင်ရေး အနီးကပ် လုပ်ဆောင်သွားကြရန် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့့််တို့က သဘော တူခဲ့ကြ သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောသည်။

ဒီယေဂိုဂါစီယာ လေတပ်စခန်း တည်ရှိသော ကျွန်းတစ်ကျွန်း အပါအဝင် ကျွန်းစု၏ အချုပ်အခြာကို လက်လွှတ်သွားရန် ဗြိတိန်၏ ၂၀၂၅ ခုနှစ် သဘောတူညီချက်ကို ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်လတွင် ဝေဖန်ခဲ့ပြီး ကြီးမားသော မိုက်မဲမှု၊ အားနည်းမှုအဖြစ် ပြောကြားခဲ့သည်။

ယမန်နေ့က ထရမ့်နှင့် စတာမာတို့ စကားပြောခဲ့ကြပြီး ယင်းလေတပ်စခန်း၏ အနာဂတ် လည်ပတ်မှုကို အာမခံနိုင်ရန် ၂ နိုင်ငံ အနီးကပ် လုပ်‌ဆောင်သွားကြရန် ၂ ဖက်အစိုးရများက သဘောတူကြောင်းနှင့် ထပ်မံ၍ စကားပြောကြဦးမည်ဟု ‌‌ဒေါင်းနင်းလမ်းရုံးက ထုတ်ပြန်ပြောကြားသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာသည် သမ္မတထရမ့်နှင့် ရင်းနှီးသော ဆက်ဆံ‌ရေး ထူထောင်နိုင်ခဲ့ကာ အခွန်လျှော့ ချပေးရန် ပထမဆုံး ညှိနှိုင်းနိုင်ခဲ့သည့် ခေါင်းဆောင် ဖြစ်သော်လည်း ထရန့်၏ ဂရင်းလန်းဝယ်ယူ‌ရေး ရည်မှန်းချက်နှင့် ချားဂို့စ်ကျွန်းစုအရေး သဘောထား ကွဲပြားမှုများကြောင့် ဆက်ဆံရေး လှုပ်ခတ်မှု ဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ဝါရှင်တန်က ထောက်ခံခဲ့သော သဘောတူညီချက်အရ ချားဂို့စ်ကျွန်းစု အချုပ်အခြာကို ၎င်းတို့၏ ကိုလိုနီဟောင်း ‌‌မော်ရိသျှသို့ ဗြိတိန်က ပြန်လည် ပေးအပ်ခဲ့သော်လည်း ဒီယေဂိုဂါစီယာ လေတပ်စခန်းကို ၉၉ နှစ် အငှားစာချုပ်ဖြင့် ထိန်းချုပ်မှု ဆက်လက် ရယူထားခဲ့သည်။

ဗြိတိန်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုမှုကို အိမ်ဖြူတော်က ချက်ခြင်း မတုံ့ပြန်ခဲ့ပေ။

ဒီယေဂိုဂါစီယာ လေတပ်စခန်းမှ လုပ်ဆောင်ခဲ့သော မကြာမီက စစ်ဆင်ရေးများတွင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်၌ ယီမင်နိုင်ငံမှ ဟူသီပစ်မှတ်များအား ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဂါဇာသို့ လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခြင်းများ ပါဝင်ခဲ့သည်။

အေးကျော်
Ref: Reuters
#အိန္ဒိယသမုဒ္ဒရာ
#ချားဂို့စ်လေတပ်စခန်း
#မဟာဗျူဟာမြောက်
#ဗြိတိန်
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now