မဲခေါင်၊ ဖေဖေါ် ဝါရီ ၂
စတားလင့် အင်တာနက်စနစ်အား ရုရှားက တရားမဝင်သုံးစွဲနေမှုကို ရပ်တန့်ရန် ၎င်း၏ SpaceX ကုမ္ပ ဏီက လုပ်ဆောင်နေမှုများ အ လုပ်ဖြစ်နေပုံရသည်ဟု ယင်းလုပ် ငန်းများကို ပိုင်ဆိုင်သော အမေရိကန်လုပ်ငန်းရှင် အီလွန်မာ့စ်က ပြောသည်။
စစ်မြေပြင် ဆက်သွယ်ရေးများနှင့် အချို့သော ဒရုန်းမစ်ရှင်များအတွက် ယူကရိန်းစစ်ဘက်က ဂြိုဟ်တုစနစ်ကို အသုံးပြုသော စတားလင့်၏ အင်တာနက်ချိတ် ဆက်မှု အများအပြားကို အားကိုးနေရသည်။
သို့ရာတွင် ရုရှားတိုက်ခိုက်မှုများ၌ အသုံးပြုထားသော တာဝေးပျံ ဒရုန်းများတွင် စတားလင့် ချိတ် ဆက်မှုများ တွေ့ရှိရကြောင်း ကိဗ်စစ်ဘက်က ပြောသည်။
ရုရှားက စတားလင့်ကို အသုံးပြု ၍ ဒရုန်းများအား လမ်းပြနေခြင်းကို ရပ်တန့်အောင် SpaceX နှင့် အတူ လုပ်ဆောင်နေသည်ဟု ယူကရိန်းက ပြောသည်။
“ရုရှားက စတားလင့်ကို အခွင့်မရှိဘဲ အသုံးပြုနေတာတွေ ရပ်တန့်သွားစေဖို့ ကျနော်တို့ လုပ်နေတာတွေ အလုပ်ဖြစ်နေပုံ ရပါတယ်။ ဒီထက် ပိုလုပ်ရမယ်ဆိုရင်လည်း ပြောပါ” ဟု SpaceX စီအီးအိုအီလွန်မာ့စ် က X လူမှုကွန်ရက် ပေါ်တွင်ပြောကြားသည်။
ရုရှားနိုင်ငံအား စတားလင့် အင်တာနက်စနစ်များ ရောင်းချခြင်းမရှိသလို ယင်းစက်များကို ပေးပို့ခြင်းလည်း မရှိကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ လူမှုမီဒီယာပို့စ်တစ်ခုတွင် SpaceX က ပြောကြားခဲ့ကာ ရုရှားအစိုးရ သို့မ ဟုတ် ရုရှားစစ်ဘက်နှင့် မည်သည့် စီးပွားရေးမှလုပ်ကိုင်ခြင်းမရှိဟု ဆိုသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားကအပြည့်အဝ ကျူးကျော်မှု စတင်ခဲ့ပြီး ရက်ပိုင်းမှာပင် ကိဗ်အ စိုးရက အကူအညီပေးရန် ပန် ကြားခဲ့ပြီးနောက် အီလွန်မာ့စ်က ၎င်း၏ စတားလင့် အင်တာနက်ချိတ် ဆက်မှုကို ယူကရိန်းအတွက် ဖွင့်ပေးခဲ့သည်။
အေးကျော်
Ref: Reuters
#MeKongNews
#စတားလင့်
#ရုရှား
#သုံးစွဲမှု
#တားဆီးရေး
#အလုပ်ဖြစ်
#အီလွန်မာ့စ်








