နေ့စဥ်သတင်း

မူဆယ်တွင် အိမ်ထောင်စုစာရင်းနှင့် စာအုပ်နီအတုပြုလုပ်ကာ ငွေလိမ်လည်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

မဲခေါင် 31 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးရမိသူမှာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် မခမ်းလွန်း ဖြစ်ပြီး၊ ဇန်နဝါရီ ၂၇ ရက်က တရုတ်-မြန်မာနယ်စပ်တွင် အထောက်အထားအတုများဖြင့် ဖြတ်ကျော်စဉ် ဖမ်းဆီးရမိသူ ၃ ဦး၏ ထွက်ဆိုချက်အရ ၎င်းကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူ ၃ ဦး၏ အစစ်ခံချက်အရ ၎င်းတို့အနက် ၂ ဦးမှာ မခမ်းလွန်းထံတွင် စာအုပ်နီပြုလုပ်ခအဖြစ် တစ်ဦးလျှင် ယွမ် ၁၂,၀၀၀ စီ ပေးခဲ့ရပြီး ကျန်တစ်ဦးမှာ

မဲခေါင်၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးရမိသူမှာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် မခမ်းလွန်း ဖြစ်ပြီး၊ ဇန်နဝါရီ ၂၇ ရက်က တရုတ်-မြန်မာနယ်စပ်တွင် အထောက်အထားအတုများဖြင့် ဖြတ်ကျော်စဉ် ဖမ်းဆီးရမိသူ ၃ ဦး၏ ထွက်ဆိုချက်အရ ၎င်းကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ ၃ ဦး၏ အစစ်ခံချက်အရ ၎င်းတို့အနက် ၂ ဦးမှာ မခမ်းလွန်းထံတွင် စာအုပ်နီပြုလုပ်ခအဖြစ် တစ်ဦးလျှင် ယွမ် ၁၂,၀၀၀ စီ ပေးခဲ့ရပြီး ကျန်တစ်ဦးမှာ ငွေကျပ်သိန်း ၁၆၀ ပေးခဲ့ရကြောင်း ဟိုမွန်ရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူက တစ်ယောက်ကို ယွမ် ၂၀၀၀၀ လောက်အထိ ယူပြီး လုပ်စားနေတာ။ အမှန်အကန် မဟုတ်ဘဲ အတုတွေ လုပ်ပေးပြီး လိမ်စားတာ။ တချို့ကိုကျတော့ ဘာမှလုပ်မပေးဘဲ ငွေသိန်းရာချီ လိမ်ယူသွားတာတွေလည်း ရှိတယ်။ လိမ်ခံရတဲ့သူတွေ အများကြီးပဲ” ဟု ၎င်းကပြောသည်။

အခြားဒေသခံတစ်ဦးကမူ မခမ်းလွန်းအနေဖြင့် ဌာနဆိုင်ရာအတွင်းလူများ သို့မဟုတ် စာရွက်စာတမ်းအတု ပြုလုပ်ပေးသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုမရှိဘဲ ယခုကဲ့သို့ လုပ်ဆောင်နိုင်ရန် ခဲယဉ်းကြောင်း သုံးသပ်သည်။

“တကယ်စစ်ရင် နောက်ကွယ်ကလူတွေ ပေါ်လာလိမ့်မယ်။ အခုကတော့ အမှုကို သူ့တစ်ယောက်တည်းအပေါ်ပဲ ပုံချထားတဲ့သဘော ရှိနေတယ်” ဟု ၎င်းကဆိုသည်။

မခမ်းလွန်းသည် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ဆင်ဖြူပေါက်နှင့် အလယ်ပေါက် နယ်စပ်ဂိတ်များတွင် ရပ်ဝေးမှလာသူများကို ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (တစ်ပတ်ကတ်) နေ့ချင်းရအောင် လုပ်ပေးမည်ဟုဆိုကာ ငွေကျပ်သိန်းဆယ်ချီ လိမ်လည်နေသူဖြစ်ပြီး ယခုမှသာ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယင်းစာရွက်စာတမ်းအတု ပြုလုပ်မှုဖြင့် မခမ်းလွန်းကို အမှုဖွင့်ဖမ်းဆီးထားသည့် သတင်းကို တရုတ်နယ်စပ်မြို့ဖြစ်သည့် ရွှေလီဘက်တွင်လည်း အများပြည်သူ သိရှိစေရန် ကြေညာထားကြောင်း သိရသည်။

#MeKongNews
#မူဆယ်
#စာအုပ်အနီ
#မခမ်းလွန်း
#အိမ်ထောင်စုစာရင်း
#အတုပြုလုပ်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now