နေ့စဥ်သတင်း

မူဆယ်ရှိ ကျားဖြန့် အပါအဝင် တရားမဝင် လုပ်ငန်းများတွင် ရဲအရာရှိများ ရှယ်ယာပါနေ

မဲခေါင် 30 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃၀ မူဆယ်မြို့ရှိ တရားမဝင် လုပ်ငန်းများတွင် ရဲအရာရှိများကိုယ်တိုင် ရှယ်ယာပါဝင်နေပြီး ယင်းလုပ်ငန်းများအား အကာကွယ်ပေးနေကြောင်း အတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိ၌ ရဲလိုင်းကြေးပေးပြီး ဖေဖော်ဝါရီ ၁ ရက်တွင် တရားဝင်ဖွင့်လှစ်မည့် မူးယစ်ဆေးဝါး လက်လီ၊ လက်ကားအရောင်းဆိုင်၂၃ ဆိုင်တွင် ရဲအရာရှိ ၂၈ ယောက်က ရှယ်ယာထည့်ဝင်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းမတိုင်မီ လားရှိုး ကားကြီးဝန်းအတွင်းရှိ 1256 အနှိပ်ခန်းအမည်ခံပြီး လူကုန်ကူးခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် နယ်ထိန်းခေါင်းဆောင်နှင့် ရဲအရာရှိကြီးများ ပါဝင်ပတ်သက်နေကြောင်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်လာပြီးနောက် ယမန်နှစ် နိုဝင်ဘာက အပြီးပိတ်သိမ်းလိုက်ရသည့် ဖြစ်စဥ်ရှိခဲ့သေးသည်။ လက်ရှိတွင် မူဆယ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိအများစုသည်

မဲခေါင်၊ ဇန်နဝါရီ ၃၀

မူဆယ်မြို့ရှိ တရားမဝင် လုပ်ငန်းများတွင် ရဲအရာရှိများကိုယ်တိုင် ရှယ်ယာပါဝင်နေပြီး ယင်းလုပ်ငန်းများအား အကာကွယ်ပေးနေကြောင်း အတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ၌ ရဲလိုင်းကြေးပေးပြီး ဖေဖော်ဝါရီ ၁ ရက်တွင် တရားဝင်ဖွင့်လှစ်မည့် မူးယစ်ဆေးဝါး လက်လီ၊ လက်ကားအရောင်းဆိုင်၂၃ ဆိုင်တွင် ရဲအရာရှိ ၂၈ ယောက်က ရှယ်ယာထည့်ဝင်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းမတိုင်မီ လားရှိုး ကားကြီးဝန်းအတွင်းရှိ 1256 အနှိပ်ခန်းအမည်ခံပြီး လူကုန်ကူးခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် နယ်ထိန်းခေါင်းဆောင်နှင့် ရဲအရာရှိကြီးများ ပါဝင်ပတ်သက်နေကြောင်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်လာပြီးနောက် ယမန်နှစ် နိုဝင်ဘာက အပြီးပိတ်သိမ်းလိုက်ရသည့် ဖြစ်စဥ်ရှိခဲ့သေးသည်။

လက်ရှိတွင် မူဆယ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိအများစုသည် ကျားဖြန့်၊ လောင်းကစား၊ အနှိပ်ခန်း၊ အပေါင်ဆိုင်နှင့် မူးယစ်ဆေးဝါးလက်ကား အရောင်းဆိုင်များတွင်လည်း အစုရှယ်ယာ ထည့်ဝင်ထားကြောင်း မဲခေါင်က စုံစမ်းသိရှိရသည်။

“ကျနော်တို့ အခက်အခဲရှိလို့ ဂိမ်းဆိုင်လေးတွေမှာ လက်ဖက်ရည်ဖိုး သွားတောင်းတာရှိပါတယ်။ ဒါလည်း တစ်ခါတလေမှပါ။ ဒါကို မတောင်းနဲ့လို့ တားရင် စခန်းမှူး၊ နယ်ထိန်းနဲ့ တခြားအရာရှိတွေ ကျားဖြန့်မှာ မူးယစ်ဆေးရောင်းတဲ့ဆီမှာ ရှယ်ယာထည့်ထားတဲ့ အကြောင်း ကျနော်တို့လည်း တိုင်မှာ”ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ထိုအတောအတွင်း လာမည့် မတ်လ အပြောင်းအရွှေ့ စာရင်းတွင်ပါသည့် စခန်းမှူး ဒုရဲမှူး နေယုဆန်း၏ တရားမဝင်လုပ်ငန်း အသီးသီးရှိ အစုရှယ်ယာ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၂ သောင်းခန့်ကို နယ်ထိန်းခေါင်းဆောင် ဒုရဲမှူးရဲနောင်က ပြန်လည်ဝယ်ယူမည်ဟု စုံစမ်းသိရှိရသည်။

“မူဆယ်မှာ ကျားဖြန့်နဲ့ မူးယစ်ဆေးဝါးကို အမြစ်ပြတ်အောင် မလုပ်တာက ဒီလုပ်ငန်းတွေမှာ ရဲကပါဝင်ပတ်သက်နေလိုပဲ။ ၂၀၂၅၊ အောက်တိုဘာလထိ မူးယစ်ဆေးဝါးကို ရဲက ကိုယ်တိုင် ရောင်းတယ်။ အခုတော့ ရောင်းနေတဲ့ လက်ကားသမားတွေဆီမှာ ရှယ်ထည့်ပြီး လုပ်လာကြတယ်။ သူတို့က ကျားဖြန့်တွေမှာလည်း ရှယ်ယာ ထည့်ထားကြတယ်။ တရုတ်ဖက်က ဝင်ဖမ်းလို့မိတာပဲ ရှိတယ်။ ဗမာဘက်က ဖမ်းမှ မဖမ်းတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ ပြည်သူ့စစ်တစ်ဦးက မဲခေါင်သို့ ဖွင့်ဟ ပြောကြားသည်။

မူဆယ်မြို့တွင် ကျားဖြန့်၊ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ လောင်းကစားဝိုင်းနှင့် အပေါင်ဆိုင် စသည့် တရားမဝင် လုပ်ငန်းများမှာ လိုင်စင်ရသည့်အလား ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပြီး စစ်ကောင်စီ လက်အောက်ခံ နယ်မြေခံ အာဏာပိုင်များအတွက် ငွေတွင်းသဖွယ်လည်း ဖြစ်နေသည်။

#MeKongNews
#မူဆယ်
#ကျားဖြန့်
#မူးယစ်ဆေး
#တရားမဝင်
#ရဲအရာရှိ
#ရှယ်ယာထည့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now