ကမ္ဘာ့သတင်း

ယူကရိန်းဒရုန်းများဝင်တိုက်သဖြင့် ဒေါ်လာတစ်ဘီလီယံ တန်ကြေးရှိ ရုရှားလေယာဉ် ၁၅ စီး ထိမှန်ပျက်စီး

မဲခေါင် 29 Jan - 2026
မဲခေါင်၊ ဇန်ဝါရီ ၂၉ ယူကရိန်းစစ်ထောင်လှမ်းရေးအဖွဲ့ SBU က ရုရှားနိုင်ငံအတွင်းပိုင်း လေယာဉ်ကွင်း ၅ ခုတွင် ရပ်နားထားသည့် ရုရှားမဟာဗျူဟာ လေယာဉ်ပေါင်း ၁၅ စီးကို တာဝေးဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းအား ထုတ်ပြန်လာခဲ့သည်။ တည်နေရာဖော်ပြခြင်းမရှိသည့် လေယာဉ်ကွင်း ၅ ကွင်းရှိ မီးလောင်ပျက်စီးသွားရသော လေယာဉ်များထဲတွင် Sukhoi နှင့် MiG ဖိုက်တာဂျက်လေယာဉ် ၁၁ စီး၊ ရဟတ်ယာဉ် ၃ စီးနှင့် Antonov An-26 ကုန်တင်လေယာဉ်တစ်စီးတို့ပါဝင်ခဲ့ကာ ပြေးလမ်းများပေါ်တွင် မီးတောက်လောင်ပျက်စီးနေသည့် ရုပ်သံများလည်း ထုတ်ပြန်ကာ ထိုပျက်စီးဆုံးရှုံးမှုတန်ကြေးသည် ပေါင် တစ်ဘီလီယံ ရှိသဖြင့် ပူတင် အတွက် ဒေါသူပုန်ထစရာ ဖြစ်ခဲ့ရသည်။ ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့က

မဲခေါင်၊ ဇန်ဝါရီ ၂၉

ယူကရိန်းစစ်ထောင်လှမ်းရေးအဖွဲ့ SBU က ရုရှားနိုင်ငံအတွင်းပိုင်း လေယာဉ်ကွင်း ၅ ခုတွင် ရပ်နားထားသည့် ရုရှားမဟာဗျူဟာ လေယာဉ်ပေါင်း ၁၅ စီးကို တာဝေးဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းအား ထုတ်ပြန်လာခဲ့သည်။

တည်နေရာဖော်ပြခြင်းမရှိသည့် လေယာဉ်ကွင်း ၅ ကွင်းရှိ မီးလောင်ပျက်စီးသွားရသော လေယာဉ်များထဲတွင် Sukhoi နှင့် MiG ဖိုက်တာဂျက်လေယာဉ် ၁၁ စီး၊ ရဟတ်ယာဉ် ၃ စီးနှင့် Antonov An-26 ကုန်တင်လေယာဉ်တစ်စီးတို့ပါဝင်ခဲ့ကာ ပြေးလမ်းများပေါ်တွင် မီးတောက်လောင်ပျက်စီးနေသည့် ရုပ်သံများလည်း ထုတ်ပြန်ကာ ထိုပျက်စီးဆုံးရှုံးမှုတန်ကြေးသည် ပေါင် တစ်ဘီလီယံ ရှိသဖြင့် ပူတင် အတွက် ဒေါသူပုန်ထစရာ ဖြစ်ခဲ့ရသည်။

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့က အဆိုပါတိုက်ခိုက်မှုများကို အထူး Alpha တပ်က စီစဉ် တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုပြီး ယူကရိန်းမြေပေါ် အဓိက ဗုံးကြဲတိုက်ခိုက်နေသည့် Su-30SM၊ Su-27 ၊ Su-24 နှင့် Su-34 ဂျက်လေယာဉ်များလည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရုရှား၏ အသံထက်မြန်သော Kinzhal ဒုံးကျည်ကြီးများ ပစ်ခတ်ရန်နှင့် ရုရှားလေကြောင်းရန် ကာကွယ်မှု အတွက် အရေးပါသည့် MiG-31 ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ နောက်ထပ်ပျက်စီးထိခိုက်သည့် ရဟတ်ယာဉ် ၃ စီးမှာ Mi-8၊ Mi-26 နှင့် Mi-28 တို့ဖြစ်သည်။

ထုတ်ပြန်ချက်တွင် မနှစ်ကတစ်နှစ်တည်း ရုရှားနိုင်ငံတွင်းလေယာဉ်ကွင်း ၅ ကွင်းမှ လေယာဉ်ပေါင်း ၁၅ စီးကို တာဝေးဒရုန်းများဖြင့် ပစ်ခတ်ဖောက်ခွဲနိုင်ခဲ့သည်ဟုလည်း ရေးသားဖော်ပြခဲ့သည်။

ယခုလဆန်းပိုင်းကလည်း ယူကရိန်းအထူးတပ်ဖွဲ့ Alpha သည် ဒေါ်လာ ၄ ဘီလီယံ တန်ကြေးရှိသော ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ကြီးကို ဖျက်ဆီး သို့မဟုတ် သုံးမရတော့သည်အထိ တာဝေး ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကာ S-300၊ S-350 နှင့် S-400 ဒုံးခွင်းဒုံးများ ပစ်လွှတ်ရာ လောင်ချာများနှင့် ရေဒါစနစ်များကိုလည်း ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့သည်။

ယူကရိန်း- ရုရှားစစ်ပွဲသည် ယခုအချိန်တွင် သေဆုံးသူပေါင်း ၂ သန်းဝန်းကျင်ရှိလာခဲ့ပြီဖြစ်ရာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း သေဆုံးမှုအများဆုံး စစ်ပွဲဖြစ်လာသောကြောင့် ယူကရိန်းသမ္မတ ဇီလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးအဖြေရှာသွားရန် ပူတင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန်အသင့်ဟုလည်း ပထမဆုံးအကြိမ် ဖွင့်ပြောလာသည်။

ပြီးခဲ့သည့် တစ်ပတ်က ဒူဘိုင်းတွင် ယူကရိန်း၊ ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးသဘောတူညီချက်ရရေး ဆွေးနွေးခဲ့ရာ မျှော်လင့်သည် ထက်ပိုမိုကောင်းမွန်သော အဆင့် ဆွေးနွေးနိုင်ခဲ့သည်ဟု အမေရိကန် ကိုယ်စားလှယ်များဘက်က ထုတ်ပြန်ထားသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ဒရုန်း
#ဗုံးကြဲလေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now