မဲခေါင်၊ ဇန်နဝါရီ ၂၉
ထိုင်းဆိုက်ဘာရာဇဝတ်နှိမ်နင်းရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တရားမဝင် လောင်းကစားဝက်ဘ်ဆိုက် ထူထောင်ထားသူနေအိမ်ကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ဝင်ရောက် စီးနင်းခဲ့သည်။
Ufanance11 ဝက်ဘ်ဆိုက်သည် ဘောလုံးလောင်းကစား၊ စလော့ဂိမ်းများ၊ ငါးဂိမ်းများ၊ ဖဲဂိမ်းများ၊ ဘင်ဂိုအစရှိသည့် လောင်းကစားနည်းများစွာကို ထူထောင်ပေးထားကာ ၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်တွင် စတင်ထူထောင်ခဲ့ကာ လည်ပတ်ငွေတစ်လ ဘတ် ၅၇ သန်း၊ တစ်နှစ်လျှင် ဘတ်သန်း ၇၀၀ ဝန်းကျင် လည်ပတ်ငွေရှိနေကာ ငွေကြေးလွှဲပြောင်းမှုများကို ကြားခံ အကောင့်များစွာခံပြီး လွှဲပြောင်းနေသည် အား ခြေရာခံလိုက်ပြီးနောက် ဇန်နဝါရီ ၂၁ ရက်၌ ဖမ်း၀ရမ်းထုတ်ကာ ဝက်ဘ်ဆိုက် ထူထောင်ထား သည့် ပိုင်ရှင်နေထိုင်သော ဘန်ကောက်၊ ဘန်ခန်းခရိုင်၊ ရာမင်ထရာအောက်တာလမ်းပေါ်ရှိ ဇိမ်ခံ အိမ်ယာဝင်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
လောင်းကစားဆိုက်ထူထောင်ထားသူမှာ ၃၄ နှစ်အရွယ် ဆာဝါလက်ခ်နှင့် ညီမဖြစ်သူ သန်ယာနတ် တို့ဖြစ်ကာ နေအိမ်အတွင်းမှ ငွေသား ဘတ် ၁ သိန်း၊ CRY BABY အရုပ်သေတ္တာ ၃ ခု၊ MOLLY အရုပ် ၄ ရုပ်၊ BMW 330 E ကားတစ်စီး၊ ဒီဇိုင်နာလက်ကိုင်အိတ် ၄ လုံး၊ ဘဏ်စာအုပ် ၃ ခု၊ ATM ၄ ကတ်၊ မိုဘိုင်းဖုန်း ၂ လုံး၊ တံဆိပ်ခေါင်း တစ်ခု၊ စုစုပေါင်း ဘတ် ၅ သန်းတန် ပိုင်ဆိုင်ပစ္စည်းများ သိမ်းဆည်းခဲ့ သည်။
ကိုကလင်း
Ref: matichon
#MeKongNews
#ထိုင်းနိုင်ငံသား
#လောင်းကစား
#အွန်လိုင်းလောင်းကစား
#စလော့ဂိမ်း








