နေ့စဥ်သတင်း

တာချီလိတ်တွင် တစ်ပတ်အတွင်း လူ ၂ယောက် ပြန်ပေးဆွဲခံရ

မဲခေါင် 24 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇန်နဝါရီလ တတိယပတ်အတွင်း ပြန်ပေးဆွဲမှု နှစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ဆန်ဆိုင်း (က) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ရွှေသဲ အိမ်ဆောက်ပစ္စည်းဆိုင်အနီး၌ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံခဲ့ရသည်။ တာဝန်ရှိသူများက လိုက်လံစုံစမ်းနေသော်လည်း ညနေပိုင်းအထိ ပြန်ပေးဆွဲသူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။ “မနက်က မျက်နှာဖုံးစွတ်ထားတဲ့သူတွေက ကားပေါ်ဆွဲတင်ပြီး ခေါ်သွားတာလို့ ကြားရတယ်။ ရဲတွေ တစ်မြို့လုံး ပိတ်ဆို့ရှာဖွေနေတယ်လို့လည်း ကြားတယ်။ လွန်ခဲ့တဲ့

မဲခေါင်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇန်နဝါရီလ တတိယပတ်အတွင်း ပြန်ပေးဆွဲမှု နှစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ဆန်ဆိုင်း (က) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ရွှေသဲ အိမ်ဆောက်ပစ္စည်းဆိုင်အနီး၌ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံခဲ့ရသည်။

တာဝန်ရှိသူများက လိုက်လံစုံစမ်းနေသော်လည်း ညနေပိုင်းအထိ ပြန်ပေးဆွဲသူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

“မနက်က မျက်နှာဖုံးစွတ်ထားတဲ့သူတွေက ကားပေါ်ဆွဲတင်ပြီး ခေါ်သွားတာလို့ ကြားရတယ်။ ရဲတွေ တစ်မြို့လုံး ပိတ်ဆို့ရှာဖွေနေတယ်လို့လည်း ကြားတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကလည်း 1G1 ဟိုတယ်နား တိုးနယားကွင်းထဲမှာ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရသေးတယ်။ ကျားဖြန့်တရုတ်တွေ မြို့ထဲဝင်လာရင် အခုလို ပြန်ပေးဆွဲတာမျိုးတွေ ပြန်ကြားလာရတယ်။ အခုလည်း မြို့ထဲမှာ ကျားဖြန့်တွေ ပြန်လုပ်နေကြတယ်လို့ ကြားနေရတယ်” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်ကလည်း ဆန်ဆိုင်း (ခ) ရပ်ကွက်၊ တိုးနယားအပိုင်း၊ အိမ်အမှတ် ၁၀/၁၀၉ နေထိုင်သူ ဦးစိုင်းဟန်လင်းကို အမျိုးသား ၄ ဦးက ကားပေါ်ဆွဲတင်၍ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၃ ခုနှစ်အတွင်းကလည်း ပြန်ပေးဆွဲမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။

ဈေးဆိုင်အတွင်း လက်နက်ကိုင်ဆောင် ဝင်ရောက်ဖမ်းဆီးခြင်း၊ အာခါဈေးလမ်းမပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အယောင်ဆောင်၍ ကားရပ်တန့်ကာ ပြန်ပေးဆွဲခြင်းနှင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်း စသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ယင်းဖြစ်စဉ်များတွင် ပြန်ပေးငွေတောင်းယူ၍ ပြန်လွှတ်ပေးခဲ့မှုများ ရှိသလို၊ သတ်ဖြတ်ပစ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယခင်ဖြစ်ပွားခဲ့သည့် ပြန်ပေးဆွဲမှုများမှာ ကျားဖြန့် (အွန်လိုင်းငွေလိမ်) ဂိုဏ်းများနှင့် ပတ်သက်သည့် တရုတ်နှင့် ထိုင်ဝမ်နိုင်ငံသားများက ဦးဆောင်ကာ ဒေသခံအချို့နှင့် ပူးပေါင်း၍ ပြန်ပေးဆွဲမည့်သူကို စနစ်တကျ လေ့လာစောင့်ကြည့်ပြီးမှ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#ပြန်ပေးဆွဲ
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now