ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ တွင် ပါဝင်ရန် ၆ နိုင်ငံ အတည်ပြု

မဲခေါင် 20 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၀ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဦးဆောင်မှုဖြင့် အသစ်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် နိုင်ငံအများအပြားရှိ ခေါင်းဆောင်များထံ ဖိတ်ကြားစာများ ပေးပို့ခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံ ၆ နိုင်ငံက ပါဝင်ရန် အတည်ပြုလိုက်ပြီဖြစ်သည်။ ယခုအချိန်အထိ ဗီယက်နမ်၊ ကာဇက်စတန်၊ ဟန်ဂေရီ၊ အာဂျင်တီးနား၊ မော်ရိုကိုနှင့် ဘီလာရုစ် စသည့် အနည်းဆုံး ၆ နိုင်ငံက ပါဝင်ရန် လူသိရှင်ကြား သဘောတူညီခဲ့ကြသည်။ ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂ – EU အမှုဆောင်အဖွဲ့နှင့် စလိုဗေးနီးယားနိုင်ငံတို့ အပါအဝင် ဖိတ်ကြားစာ လက်ခံရရှိထားသည့် အခြားနိုင်ငံ အများအပြားမှာမူ အလားတူ အခြေအနေတွင်ရှိနေပြီး ယင်းအဖွဲ့ မည်သို့ လုပ်ဆောင်မည်ကို နားလည်သဘောပေါက်ရန်

မဲခေါင်၊ ဇန်နဝါရီ ၂၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဦးဆောင်မှုဖြင့် အသစ်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် နိုင်ငံအများအပြားရှိ ခေါင်းဆောင်များထံ ဖိတ်ကြားစာများ ပေးပို့ခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံ ၆ နိုင်ငံက ပါဝင်ရန် အတည်ပြုလိုက်ပြီဖြစ်သည်။

ယခုအချိန်အထိ ဗီယက်နမ်၊ ကာဇက်စတန်၊ ဟန်ဂေရီ၊ အာဂျင်တီးနား၊ မော်ရိုကိုနှင့် ဘီလာရုစ် စသည့် အနည်းဆုံး ၆ နိုင်ငံက ပါဝင်ရန် လူသိရှင်ကြား သဘောတူညီခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂ – EU အမှုဆောင်အဖွဲ့နှင့် စလိုဗေးနီးယားနိုင်ငံတို့ အပါအဝင် ဖိတ်ကြားစာ လက်ခံရရှိထားသည့် အခြားနိုင်ငံ အများအပြားမှာမူ အလားတူ အခြေအနေတွင်ရှိနေပြီး ယင်းအဖွဲ့ မည်သို့ လုပ်ဆောင်မည်ကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ပြင် လေ့လာစောင့်ကြည့်သူ အချို့ စိုးရိမ်နေကြသည့် အတိုင်း ယင်းအဖွဲ့အစည်းသည် သမ္မတထရမ့်က ကုလသ မဂ္ဂ – UN ၏ နေရာတွင် အစားထိုးရန် ရည်ရွယ်ပြီး ဖွဲ့စည်းလိုက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမလား ဟူသော စိုးရိမ်မှုများနှင့် ပတ်သက်၍လည်း ရှင်းလင်းချက် ရရှိရန် ကြိုးစားနေကြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည်လည်း ထရန့်ထံမှ ဖိတ်ကြားစာကို လက်ခံရရှိထားရာ ယင်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို လေ့လာနေပြီး၊ အမေရိကန်နှင့် ဆက်လက် ဆက်သွယ်ကာ ကဏ္ဍစုံတွင် ရှင်းလင်းမှုရှိအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေးစီမံကိန်း၏ နောက်ထပ်အဆင့်ကို ကြီးကြပ်ကွပ်ကဲသွားရန် မျှော်လင့်ရသည့် ထရမ့်၏ အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားစာရရှိထားကြောင်း အစ္စရေးနိုင်ငံကလည်း အတည်ပြုခဲ့သည်။

သို့သော်လည်း ဖိတ်ကြားချက်ကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ခံခြင်း ရှိ၊ မရှိမှာမူ ရှင်းလင်းစွာ မသိရသေးကြောင်း အစ္စရေးအရာရှိများက ပြောကြားခဲ့သည်။

ယင်းဖွဲ့စည်းမည့်အပေါ် အစ္စရေးနိုင်ငံအတွင်း၌ ကန့်ကွက်မှုများမှာ သိသိသာသာ ပိုမိုထင်ရှားလာခဲ့သည်။

ယင်းသည် အစ္စရေးအတွက် အကျိုးယုတ်စေမည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း လက်ယာစွန်း ဘဏ္ဍာရေး ဝန်ကြီး ဘီဇာရဲလ် စမော့ထရစ် ပြောဆိုခဲ့ပြီး ၎င်းကို ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန် တာဝန်ပေးထားသည့် အမှုဆောင် ကော်မတီတစ်ရပ် တည်ထောင်ခြင်းမှာ အစ္စရေးအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ထားခြင်း မရှိသလို၊ အစိုးရ၏ မူဝါဒများနှင့်လည်း ဆန့်ကျင်နေကြောင်း ယခင်ကလည်း အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောဆိုခဲ့သော်လည်း အသေးစိတ် ကန့်ကွက်ချက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

အစ္စရေး၏ ဒေသတွင်း အဓိက ပြိုင်ဘက်ဖြစ်သော တူရကီနိုင်ငံသည်လည်း ယင်းအဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခံရသည့် နိုင်ငံများထဲ၌ ပါဝင်နေသည်။

နေတန်ယာဟုကမူ ဂါဇာ၏ နောက်ထပ်အဆင့်ကို ကြီးကြပ်မည့် အကြံပေးကော်မတီ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ အမေရိကန်နှင့် အမြင်မတူမှုများ ရှိနေသော်လည်း ယင်းကိစ္စမှာ ထရမ်နှင့် ၎င်း၏ ဆက်ဆံရေးကို ထိခိုက်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတွင် တူရကီ သို့မဟုတ် ကာတာ တပ်ဖွဲ့ဝင်များ လုံးဝမရှိစေရဟုလည်း ၎င်းက ထပ်လောင်း အတည်ပြုပြောဆိုခဲ့သည်။

ဂါဇာဒေသ အခြေအနေနှင့် ပတ်သက်၍ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်းက အခြား EU ခေါင်း ဆောင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ အိုလော့ဖ်ဂေးလ်က ပြောသည်။

ထရမ့်၏ ဖိတ်ကြားချက်ကို လက်ခံခြင်း ရှိ၊ မရှိ ဂေးလ်က ထည့်သွင်းပြောဆိုခြင်း မရှိသော်လည်း၊ ဂါဇာပဋိပက္ခကို အဆုံးသတ်ရန် ဘက်စုံ စီမံကိန်းတစ်ရပ် ချမှတ်ရာတွင် ကော်မရှင်အနေဖြင့် ပါဝင်လိုကြောင်း ပြောဆိုခဲ့သည်။

ထို့အတူ ပြင်သစ်နိုင်ငံအနေဖြင့် ဖိတ်ကြားစာရရှိထားသော်လည်း လက်ရှိတွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၌ ပါဝင်ရန် အစီအစဉ်မရှိသေးကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် နီးစပ်သည့် အရာရှိတစ်ဦးက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် ယင်းအဆိုပြုချက်သည် ကုလသမဂ္ဂ၏ မူဝါဒများနှင့် ဖွဲ့စည်းပုံများကို လေးစားလိုက်နာမှု ရှိ၊ မရှိ အပါအဝင် မေးခွန်းထုတ်စရာများ ရှိနေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံခေါင်းဆောင် မည်မျှကို အဖွဲ့တည်ထောင်မှုတွင် ပါဝင်ရန် ဖိတ်ကြားထားသည်မှာ ရှင်းလင်းစွာ မသိရသေးပေ။

ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများအပါအဝင် ဖိတ်ကြားစာများကို ကျယ်ကျယ်ပြန့်ပြန့် ပေးပို့ထားမှုကြောင့် ယင်းအဖွဲ့၏ လုပ်ပိုင်ခွင့်၊ တာဝန်နှင့် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များအပေါ် မေးခွန်းထုတ်မှုများလည်း ပေါ် ပေါက်လာခဲ့သည်။

ထို့ပြင် အစ္စရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည် ဖော်မည့် အဖွဲ့အစည်းတွင် အစ္စရေးက မည်သည့် အခန်းကဏ္ဍမှ ပါဝင်လာမည် ဆိုသည်မှာလည်း မသဲကွဲသေးပေ။

ထရမ့်၏ ဖိတ်ကြားစာတွင် အဖွဲ့အစည်းသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရာတွင် ရဲရင့်သော ချဉ်းကပ်မှုအသစ်ဖြင့် စတင်မည် ဟု ဖော်ပြထားသည့် အသုံးအနှုန်းကြောင့် ယင်းအဖွဲ့သည် ဒုတိယ ကမ္ဘာစစ်အပြီး တွင် ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ၏ သြဇာအရှိဆုံး အဖွဲ့အစည်းဖြစ်သော လုံခြုံရေးကောင်စီကို အားပြိုင်မည့်အဖွဲ့ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။

အမေရိကန်အနေဖြင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်နိုင်ငံများ၏ တရားဝင်စာရင်းကို လာမည့်ရက်ပိုင်းအတွင်း ဆွစ် ဇာ လန်နိုင်ငံ၊ ဒါးဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေးအတွင်း ကြေညာဖွယ်ရှိကြောင်း မျှော်လင့်ရသည်။

Ref: Khaosod English
#MeKongNews
#ဒေါ်နယ်ထရန့်
#ငြိမ်းချမ်းရေးဘုတ်အဖွဲ့
#ပါဝင်
#အတည်ပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now